2020ခုနှစ်မှာ ပထမဆုံးထွက်ရှိလာတဲ့OCNကားဖြစ်ပါတယ်
Lie Withinပြီးသွားတည်းက OCNက ပျောက်ချင်းမလှပျောက်နေပြီးခုမှ ပြန်ပေါ်လာတာဖြစ်ပါတယ်
OCNအသည်းစွဲ fofပရိသတ်ကြီးအတွက် ဒီတစ်ခေါက်မှာလည်း အကြမ်းစား Thriller, Crime ,Detectiveအမျိုးအစားလေး တင်ဆက်ပေးလိုက်ပါတယ်
မင်းသားကတော့ အားလုံးသိကြတဲ့ အိုပါးJang Hyukဖြစ်ပြီး
Girl Generationက မမ Choi Soo Youngလည်း ပါဝင်ပါတယ်နော်
ဇာတ်လမ်းကတော့
ပူရှိန်းသကြားလုံးကို လူသတ်ရာမှာ အမှတ်အသားအနေနဲ့ထားသွားတတ်တဲ့ကွင်းဆက်လူသတ်သမား
ကျွမ်းကျင်အမှုလိုက်စုံထောက် criminal profiler Oh Hyun Jaeရဲ့ရင်နာဖွယ်အတိတ်ဖြစ်ရပ်
စိတ်လှုပ်ရှား ကြောက်ရွံလာတဲ့အခါမျိုးမှာ အခင်းဖြစ်ပွားတဲ့နေရာကို ဓာတ်ပုံရိုက်ထားသလိုမှတ်နိုင်တဲ့စွမ်းရည်ရှိတဲ့ ရဲမေ Cha Soo Young
နယ်မြေခံစုံစမ်းရေးရဲဌာနရဲ့ ACE Hwang Hwa Young
သေပြီလို့ယူဆထားတဲ့ ကွင်းဆက်လူသတ်သမား တစ်ဖန်ပြန်ပေါ်လာချိန်မှာတော့ ????
မတူညီ ဆန်းသစ်တဲ့plotတွေနဲ့ ရိုက်ကူးထားတဲ့OCN ဇာတ်လမ်းတွဲကို အပတ်စဉ်စနေ တနင်္ဂနွေနေ့တိုင်း OCNရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသလျက်ရှိပြီး အပိုင်း ၁၆ပိုင်းပါဝင်ပါတယ်
Leave a Reply