##unicode
Triple Trouble ဇာတ်ကားမှာတော့ Vyဟာ ရိုးသားတဲ့သတင်းထောက်ကောင်မလေးတစ်ဦးဖြစ်ပြီးတော့
သူမရဲ့အထက်လူကြီးက Shrimp paste လို့ခေါ်တဲ့ ကျွန်းတစ်ကျွန်းမှာ သတင်းသွားယူဖို့ခိုင်းစေခဲ့တာမို့
အဲ့ကျွန်းကို ခရီးထွက်လာခဲ့တယ်။
လမ်းမှာ Myလိုခေါ်တဲ့ ခပ်မိုက်မိုက်ကောင်မလေးတစ်ဦးနဲ့ Dung လို့ခေါ်တဲ့အိမ်ရှင်မတစ်ဦးနဲ့ရင်းနှီးသွားခဲ့တယ်။
Myက shrimp pasteကျွန်းဇာတိဖြစ်ပေမဲ့ နိုင်ငံခြားမှာဘဲ အခြေချနေကာ ဒီကျွန်းကိုမဖြစ်မနေကိစ္စတစ်ခုကြောင့်ပြန်လာရသူဖြစ်ပါတယ်။
Dungကတော့ ဘိုးဘေးပူဇော်ပွဲအတွက် မိသားသုဆီအလည်ပြန်လာတာပါ။
အကျင့်စရိုက်ချင်းတူတဲ့ သူမတို့သုံးယောက်ကခင်မင်သွားကြပြီး အတူတူသောက်ဖို့ချိန်းခဲ့ကြတယ်။
Shrimp pasteကျွန်းဒေသထွက် ဆန်နို့အရက်ကို အမူးသောက်လိုက်မိတဲ့ သူမတို့သုံးယောက်ဟာနောက်နေ့မနက်ကျတော့
ထူးဆန်းတဲ့နေရာတစ်ခုမှာနိုးလာခဲ့တယ်။ညကဘာတွေလုပ်ခဲ့လဲဆိုတာကို မှတ်မမိတော့တဲ့သူမတို့သုံးယောက်ကို
မြေပိုင်ရှင်Baronက ဖုန်းဆက်ပြီးသူရဲ့အဖိုးတန်ပစ္စည်းတစ်ခုကို သူမတို့သုံးယောက်ခိုးသွားခဲ့ပါတယ်လို့စွပ်စွဲတော့တယ်။
ညကဘာတွေလုပ်မိမှန်းတောင် မမှတ်တော့တဲ့ Vy My Dungတို့သုံးယောက်ဟာ မြေပိုင်ရှင် Baronပြောတဲ့
အဖိုးတန်ပစ္စည်းဆိုတာဘာမှန်းမသိပေမဲ့ အဲ့ပစ္စည်းကိုလာမပေးရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံလိုက်ရတာမို့
အဖိုးတန်ပစ္စည်းကိုရှာဖွေဖို့ကြိုးစားရပါတော့တယ်။သူမတို့သုံးဦး ဒီအဖိုးတန်ပစ္စည်းကိုရှာဖွေနိုင်ပါ့မလားဆိုတာကို ကြည့်ရှုကြပါအုံး။
##zawgyi
Review – Myet Chel
File Size – 1.3GB,2.8GB
Format…mp4
Quality : 1080p WED-DL,720p WED-DL
Genre :Comedy
Subtitle : Myanmar Subtitle (Hard Sub)
Translated by Myet Chel
Encoded by Arrow
Upload on Youtube
Leave a Reply