[Unicode]
action မင်းသားကြီး Keanu Reeves ရဲ့ ငယ်ငယ်က အချစ်ဇာတ်ကားလေးတွေ ကြည့်ချင်နေတဲ့ သူတွေအတွက်
ဒီ A walk in the clouds ဆိုတဲ့ကားလေးကိုလက်တို့လိုက်ပါတယ်..
ဒုတိယ ကမ္ဘာစစ်ကြီးပြီးလို့ ချစ်ဇနီးထံ ပြန်လာတဲ့ Paul တစ်ယောက်
ဇနီးသည်ရဲ့ ဆန္ဒအရ ချောကလက်ရောင်းဖို့ Sacramento မြို့လေးကို ရထားနဲ့ ခရီးနှင်ခဲ့ပါတော့တယ်…
ကံကောင်းချင်လို့ပြောရမလား
ကံဆိုးချင်လို့ပြောရမလား
သွားနေတဲ့လမ်းမှာပဲကိုယ်ဝန်ရသွားပြီး ချစ်သူကပါပစ်သွားလို့ အိမ်မပြန်ရဲဖြစ်နေတဲ့ မက္ကစီကန် ကောင်မလေးနဲ့ဆုံပါတော့တယ်။
ကောင်မလေးရဲ့ အခက်အခဲကိုကူညီဖို့ ဟန်ဆောင်ခင်ပွန်းအဖြစ် မိသားစုကိုလိုက်တွေ့ရာရနေ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံတဲ့ချိန်ဟာ နှစ်ယောက်လုံးရဲ့အခက်ခဲဆုံးအချိန်ဖြစ်နေပြီး
ဆိုင်သူရှိနေတဲ့ လူဖြူကောင်လေးနဲ့ တခြားသူရဲ့ရင်သွေးလေးကိုလွယ်ထားရတဲ့ စပျစ်ခြံပိုင်ရှင်သမီးလေးတို့ ဘယ်လိုနီးစပ်သွားကြမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ..
1995 ဝန်းကျင်က အဝတ်အစား အခင်းအကျင်းနဲ့ သိုက်သိုက်ဝန်းဝန်းပျော်ရွှင်စရာကောင်းတဲ့ မိသားစုရဲ့ ပုံရိပ်တွေအပြင်
ကြည်နူးစရာ ဝမ်းနည်းစရာတွေနဲ့ရောပြွမ်းနေတဲ့ ချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ပုံဖော်ထားတာမို့
ဟောင်းပေမယ့် ကောင်းနေဆဲဖြစ်တဲ့ ဒီကားလေးကို ညွှန်းလိုက်ရပါတော့တယ်။
( အညွှန်းရေးသားထားသူကတော့ Thinzar Oo ဖြစ်ပါတယ် )
[Zawgyi]
action မင္းသားႀကီး Keanu Reeves ရဲ႕ ငယ္ငယ္က အခ်စ္ဇာတ္ကားေလးေတြ ၾကည့္ခ်င္ေနတဲ့ သူေတြအတြက္
ဒီ A walk in the clouds ဆိုတဲ့ကားေလးကိုလက္တို႔လိုက္ပါတယ္..
ဒုတိယ ကမာၻစစ္ႀကီးၿပီးလို႔ ခ်စ္ဇနီးထံ ျပန္လာတဲ့ Paul တစ္ေယာက္
ဇနီးသည္ရဲ႕ ဆႏၵအရ ေခ်ာကလက္ေရာင္းဖို႔ Sacramento ၿမိဳ႕ေလးကို ရထားနဲ႔ ခရီးႏွင္ခဲ့ပါေတာ့တယ္…
ကံေကာင္းခ်င္လို႔ေျပာရမလား
ကံဆိုးခ်င္လို႔ေျပာရမလား
သြားေနတဲ့လမ္းမွာပဲကိုယ္ဝန္ရသြားၿပီး ခ်စ္သူကပါပစ္သြားလို႔ အိမ္မျပန္ရဲျဖစ္ေနတဲ့ မကၠစီကန္ ေကာင္မေလးနဲ႔ဆုံပါေတာ့တယ္။
ေကာင္မေလးရဲ႕ အခက္အခဲကိုကူညီဖို႔ ဟန္ေဆာင္ခင္ပြန္းအျဖစ္ မိသားစုကိုလိုက္ေတြ႕ရာရေန ဘာေတြ ဆက္ျဖစ္မလဲဆိုတာကိုေတာ့ ဇာတ္လမ္းထဲမွာျမင္ေတြ႕ရမွာျဖစ္ပါတယ္။
တစ္ေယာက္နဲ႔တစ္ေယာက္ေတြ႕ဆုံတဲ့ခ်ိန္ဟာ ႏွစ္ေယာက္လုံးရဲ႕အခက္ခဲဆုံးအခ်ိန္ျဖစ္ေနၿပီး
ဆိုင္သူရွိေနတဲ့ လူျဖဴေကာင္ေလးနဲ႔ တျခားသူရဲ႕ရင္ေသြးေလးကိုလြယ္ထားရတဲ့ စပ်စ္ၿခံပိုင္ရွင္သမီးေလးတို႔ ဘယ္လိုနီးစပ္သြားၾကမလဲဆိုတာကေတာ့စိတ္ဝင္စားစရာပါပဲ..
1995 ဝန္းက်င္က အဝတ္အစား အခင္းအက်င္းနဲ႔ သိုက္သိုက္ဝန္းဝန္းေပ်ာ္႐ႊင္စရာေကာင္းတဲ့ မိသားစုရဲ႕ ပုံရိပ္ေတြအျပင္
ၾကည္ႏူးစရာ ဝမ္းနည္းစရာေတြနဲ႔ေရာႁပြမ္းေနတဲ့ ခ်စ္ဇာတ္လမ္းေလးတစ္ပုဒ္ကို ပုံေဖာ္ထားတာမို႔
ေဟာင္းေပမယ့္ ေကာင္းေနဆဲျဖစ္တဲ့ ဒီကားေလးကို ၫႊန္းလိုက္ရပါေတာ့တယ္။
Upload on Youtube
Leave a Reply