The Business of Drugs (2020)
============================
ဒီတစ်ခါတော့ ပုံမှန် Serie တွေလိုမဟုတ်ပဲ မူးယစ်ဆေးဝါးတွေထုတ်လုပ်ပုံကအစ ရောင်းဝယ်ဖောက်ကားတဲ့နေရာအထိ အသေးစိပ်တင်ပြထားတဲ့ Documentary Show လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ မူးယစ်ဆေးဝါးတွေအကြောင်းကို မူးယစ်ဆေးဝါးတွေနဲ့ လက်လှမ်းမှီကြတဲ့လူတွေလောက်ပဲသိကြတာများပါတယ်။ ဘယ်သူမှလဲ ပျင်းလို့ဆိုပြီး အဲ့ဒီအကြောင်းတွေ ရှာမဖတ်ကြလောက်ဘူးထင်ပါတယ်။
Netflix က ထုတ်တဲ့ The Business of Drugs ကတော့ မူးယစ်ဆေးဝါးတွေ အကြောင်းကိုပဲ ရိုက်ပြထားတဲ့ Mini-Series လေးဖြစ်ပါတယ်။ အပိုင်းအနေနဲ့ကတော့ ၆ ပိုင်းရှိပြီးတော့ တစ်ပိုင်းကို မူးယစ်ဆေးဝါးတစ်ခုအကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ်။ ပုံမှန်ကြည့်နေကျ မူးယစ်ဆေးဝါးအတိုအစလေးတွေပါတဲ့ ကားမျိုးမဟုတ်ပဲ တကယ့်နေရာမှာ တကယ်ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်းတွေထဲအထိကို ရိုက်ကူးထားတဲ့ကားဖြစ်ပါတယ်။ Documentary ဖြစ်တဲ့အတွက်ကြောင့်တော့ ဇာတ်လမ်းမရှိပဲနဲ့ Host တစ်ယောက်က အဲ့ဒီနေရာတွေကိုသွားပြီး လူတွေကို မေးမြန်း ဆွေးနွေးတဲ့ ပုံစံမျိုးလေးပါပဲ။
Host အနေနဲ့ကတော့ Amaryllis Fox ဖြစ်ပါတယ်။ Amaryllis ဟာဆိုရင် အမေရိကန် စာရေးဆရာ အစီအစဥ်တင်ဆက်သူ ဖြစ်ပါတယ်။ နောက်ပြီး CIA မှာလဲ တာဝန်ထမ်းဆောင်ဖူးသူတစ်ယောက်ပါ။ သူမရဲ့ အမျိုးသားကလဲ အမေရိကန်နိုင်ငံရဲ့ ၃၅ ယောက်မြောက် သမ္မတဖြစ်တဲ့ John F. Kennedy ရဲ့ မျိုးရိုးထဲကပဲဖြစ်ပါတယ်။
တစ်ပိုင်းနဲ့တစ်ပိုင်းအကြောင်းအရာမတူတဲ့အတွက် ကြိုက်တဲ့အပိုင်းကနေစကြည့်လို့ရပါတယ်။ နောက်ပြီး ဒီမူးယစ်ဆေးဝါးတွေရဲ့ အစပြုရာနေရာကနေ လူငယ်တွေလက်ထဲကို ဘယ်လိုရောက်လာတယ် ဆိုတာရယ်။ လူငယ်တွေလက်ထဲရောက်ဖို့ကို ဘယ်လိုလူတွေက ဘယ်လိုအခက်အခဲတွေကြောင့် လုပ်ကိုင်နေရတယ်။ မူးယစ်ဆေးဝါးကို ဘယ်လိုရောင်းဝယ်ဖောက်ကားတယ်ဆိုတာတွေကို မျက်ဝါးထင်ထင်တွေ့မြင်ရမဲ့အပြင်။ နိုင်ငံတွေရဲ့ ဒီပြသနာကိုမဖြေရှင်းနိုင်ပဲ တစ်နှစ်တစ်နှစ်လူတွေ သေဆုံးနေရတဲ့အကြောင်းတွေကိုပါ မီးမောင်းထိုးပြထားပါသေးတယ်။
Rating အနေနဲ့ကတော့ IMDb မှာ ၇.၃ အထိရှိတာကြောင့် မူးယစ်ဆေးဝါးအကြောင်းကို သိချင်လို့ပဲဖြစ်ဖြစ် ကလေးရှိတဲ့ မိဘတွေဆိုရင်လဲ ကလေးတွေကို မူးယစ်ဆေးမကောင်းဘူးဆိုတာတွေကိုပြောပြချင်လို့ပဲဖြစ်ဖြစ် ကြည့်ဖို့ညွှန်းပေးလိုက်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ Show လေးတစ်ခုဖြစ်လို့ ဗဟုသုတ ရချင်သူတွေအနေနဲ့လည်း ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။
Leave a Reply