Teenage Bounty Hunters (2020)
================================
Bounty Hunters ဆိုတဲ့ စကားလုံးကို ကြားဖူးလား။ Bounty Hunters ဆိုတာက ပြောရရင် လူဆိုးဖမ်းတာမျိုးပေါ့။ လူဆိုးကိုသွားဖမ်းမယ် ဆုကြေးငွေရမယ်ပေါ့။ အဲ့လိုသဘောမျိုးပါ။ ဟုတ်ပြီ ဇာတ်ကားနာမည်လေးနဲ့စလိုက်မယ် Teenage Bounty Hunters။ ဘာလဲပေါ့။ ဆယ်ကျော်သက်တွေက လူဆိုးတွေကိုလိုက်ဖမ်းမှာလားပေါ့။ ပိုစတာမှာကလဲ ကောင်မလေးနှစ်ယောက်ပဲပါတယ်။ ဒီနှစ်ယောက်ကဖမ်းမှာလားပေါ့။ ဟုတ်ပါတယ် ချစ်ဖို့ကောင်းတဲ့ ဒီကောင်မလေးနှစ်ယောက်ကပဲဖမ်းကြမှာပါ။
Teenage Bounty Hunters ကိုတော့ 2020 August 14 ရက်နေ့မှာ Netflix ကနေ ထုတ်လွှင့်ခဲ့ပြီးတော့ အပိုင်းအနေနဲ့ 10 ပိုင်းပါရှိပါတယ်။ တစ်ပိုင်းကို မိနစ် ၅၀ ဝန်းကျင်ကြာမြင့်မှာဖြစ်ပါတယ်။ Teenage Bounty Hunters ကိုတော့ Casting Director တစ်ယောက်ဖြစ်တဲ့ Kathleen Jordan ကနေမှ ဖန်တီးထားတာဖြစ်ပါတယ်။
ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ Maddie Phillips နဲ့ Anjelica Bette Fellini တို့ကတော့ ဒီဇာတ်လမ်းတွဲမှာမှစပြီး ပွဲဦးထွက်ကြတဲ့သူတွေပါ။ သူတို့အပြင်နောက်ထပ် ဇာတ်ကောင်တစ်ယောက်လဲရှိပါသေးတယ်။ Bowser အဖြစ်သရုပ်ဆောင်တဲ့ Kadeen Hardison ပဲဖြစ်ပါတယ်။ Kadeen ဟာဆိုရင် အမေရိကန်လူမည်းသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး A Different World ဆိုတဲ့ TvSeries နဲ့ နာမည်ရထားသူတစ်ယောက်ပါ။ နောက်ထပ် တခြားရုပ်ရှင်ပေါင်းမြောက်မြားစွာမှာလဲ ပါဝင်သရုပ်ဆောင်ထားဖူးသူတစ်ယောက်ပါ။
အမွှာနှစ်ယောက်က သူတို့အဖေရဲ့ ထရပ်ကားကို တိုက်ပစ်လိုက်ပြီးတဲ့ အချိန်မှာတော့ အမွှာနှစ်ယောက်က ကားပြင်စားရိတ်ကိုရှာရပါတော့တယ်။ အဲ့ဒီကနေစပြီးတော့ Bowser ဆိုတဲ့ လူဆီမှာ လူဆိုးတွေကို လိုက်ဖမ်းပြီး ကားပြင်စားရိတ်ကို ရှာရပါတော့တယ်။ Bowser က အမွှာနှစ်ယောက်အတွက် ဆရာလိုပုံစံမျိုးပါ။ အမွှာနှစ်ယောက်အနေမှာ သရုပ်ဆောင်ကြတဲ့ သရုပ်ဆောင်တွေက အသစ်တွေဖြစ်ပေမဲ့ ကြောင်တောင်တောင်မဖြစ်နေပဲ တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက်မိနေတာကိုတွေ့ရပါတယ်။ Trailer မှာ မြင်ကြမဲ့အတိုင်းပဲ ဆယ်ကျော်သက်တွေပီပီ သွက်သွက်လက်လက်မကြောက်မရွံ့နဲ့ လူဆိုးလိုက်ဖမ်းနေကြတာပါ။
အစပိုင်းမှာတော့ ဇာတ်ကောင်တွေနဲ့ ရင်းနှီးအောင်လို့ အချိန်အရမ်းဆွဲထားသလိုဖြစ်နေပြီးတော့ နောက်ပိုင်းကျရင်တော့ ပေါ့ပေါ့ပါးပါးနဲ့ နောက်ထပ်လာမဲ့ အပိုင်းတွေအတွက် အစီအစဥ်တွေသေချာချထားတာကိုတွေ့ရမှာပါ။ စကားလုံးအသုံးအနှုန်းနဲ့ ဇာတ်ကွက်တစ်ချို့ကတော့ ကလေးတွေကြည့်ဖို့ သိပ်အဆင်မပြေတာကိုလဲ ထည့်ပြောပါရစေ။ IMDb မှာလဲ 7.5 အထိရထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးနဲ့ အသေရယ်ချင်ရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်ရှုပေးကြပါဦး။
Leave a Reply