အခုတင်ဆက်ပေးမှာကတော့ lee min ho ရဲ့ mini series လေးတခုပါ
3 ပိုင်းသာပါဝင်ပြီး တပိုင်းကို 15 မိနစ်စာဝန်းကျင်တွေပဲဖြစ်ပါတယ်
Romance ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်
2014 Line app ကို ပရိုမိုရှင်းဆင်းတုန်းက ရိုက်ခဲ့တဲ့ ကားကောင်းလေးပါ။
တရုတ်-ကိုရီးယား ပူးပေါင်းရိုက်ကူးထားတာလေးပေါ့။
အမှတ်မထင်ဆုံပြီး Line app ကျေးဇူးကြောင့် ဖူးစာဆုံသွားတဲ့ အကြောင်းလေးပေါ့။
“ဘာသာစကားတွေမတူ နဘေးမှာ မရှိပေမယ့် အချစ်တွေကို
Line နဲ့ပျော်ရွှင်စွာ အဆုံးသတ်ပေးမယ်” ဆိုတဲ့
လေလှိုင်းကြားကအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ဖော်ပြထားတာပါ။
အခုလို Stay Home နေချိန်မျိုးမှာ လေလှိုင်းပေါ်က အလွမ်းသည်နေတဲ့
ချစ်သူတွေ၊ ချစ်သူဖြစ်ဖို့ ကြိုးစားနေသူတွေ၊ friend zone က ရုန်းထွက်ချင်နေသူတွေ
ဒီကားလေးထဲက နည်းလမ်းလေးတွေ ယူသုံးနိုင်ဖို့ ကြည့်သင့်တယ်နော်။
Leave a Reply