Alpha Premium

Generation Kill

Generation Kill

Generation Kill

1 Seasons 7 Episodes
Ended

Generation Kill

8
TMDb: 8/10 222 votes

General information

Original nameGeneration Kill
Created by

Backdrops

Generation Kill
Generation Kill
Generation Kill

Synopsis of Generation Kill

Generation Kill
==================
(7ပိုင္း)စ/ဆံုး
ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်တွေမှာ ဒီမိုကရေစီရဲ့ ကယ်တင်ရှင်ကြီးအဖြစ် နာမည်ရခဲ့တဲ့ အမေရိကန်နိုင်ငံဟာ အဲဒီကာလတွေနောက်ပိုင်းမှာ ကိုးရီးယားကျွန်းဆွယ်၊ အင်ဒိုချိုင်းနားဒေသက ဗီယက်နမ်နဲ့ အရှေ့အလယ်ပိုင်းက အီရတ်၊ အာဖဂန်နစ္စတန်တို့မှာ ဒီမိုကရေစီရဲ့ ကယ်တင်ရှင်ကြီးအဖြစ်နဲ့ ကမ္ဘာ့ဇာတ်ခုံမှာ ပါဝင်ကပြခဲ့ပါတယ်။ ဒီဇာတ်ထုပ်တွေမှာ မင်းသားကြီးအမေရိကန်ဟာ အောင်ဖျာလိပ်လို့ ပြန်ခဲ့ရပြီး ရည်မှန်းချက်တွေ အောင်မြင်သလို ဟန်ဆောင်ခဲ့ပေမယ့် တကယ့်တကယ်တမ်းမှာတော့ ပြန်ဖာထေးလို့မရတဲ့ အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်တပ်တွေရဲ့ ရဲရင့်မှုနဲ့ ကိုယ်ကျိုးစွန့်မှုတွေကို ပုံပြင်တစ်ပုဒ်လို နားထောင်ရင်း ကြီးပြင်းလာခဲ့ရတဲ့ နောက်မျိုးဆက်တွေဟာ အဘိုးတွေ အဖေတွေ ပုခုံးပြောင်းပေးခဲ့တဲ့ သမိုင်းပေးတာဝန်ကို ဆက်လက်ထမ်းဆောင်ကြဖို့ တပ်မတော်ထဲကို ဝင်ရောက်လာခဲ့ကြတဲ့အခါ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း အကြောင်းရင်းခိုင်လုံမှုမရှိတဲ့ စစ်ပွဲတွေကို ဆင်နွှဲကြရပါတယ်။ ဒီစစ်ကြီးတွေထဲမှာ တိုက်ပွဲဝင်ခဲ့ကြရတဲ့ မျိုးဆက်သစ်စစ်သည်တွေဟာ သူတို့ရင်ဆိုင်လာရတဲ့ အနေအထား၊ သူတို့တိုက်နေရတဲ့စစ်ဟာ သူတို့အဘိုးတွေ၊ သူတို့အဖေတွေခေတ်တုန်းကလို မဟုတ်တော့တာကို သတိထားမိလာကြပါတယ်။ နိုင်ငံရေးလှည့်ကွက်တွေအကြားမှာ လိုသလိုပုံသွင်းခံနေရတဲ့ မျိုးချစ်စိတ်အကြောင်း၊ လူနည်းစုရဲ့ အကျိုးနဲ့ လိုအင်အတွက် ပေးဆပ်နေရတဲ့ သူတို့ရဲ့ဘဝအကြောင်းတွေကို မြင်လာကြပါတယ်။ တနည်းအားဖြင့် ပြောရရင် သူတို့လေးစားအားကျခဲ့ရတဲ့ စစ်သည်တော်မျိုးဆက်ဟာ ဖျက်ဆီးခံလိုက်ရပြီ ပျက်သုန်းသွားပြီဆိုတာ သိလိုက်ကြရပြီလို့ ပြောရမှာပါ။ စစ်တိုက်တော်ပြီး ရိုးသားပွင့်လင်းသော တပ်နေပျော်တဲ့ မျိုးဆက်တစ်ခုဟာ အစဖျောက်ခံလိုက်ရပါပြီ။ ဒီလောက်ဆိုရင်တော့ Generation Kill ဆိုတဲ့ နာမည်ရဲ့ ဆိုလိုရင်းကို နားလည်မယ်လို့ မျှော်လင့်ပါတယ်။
အခုပြောချင်တာကတော့ Generation Kill ဆိုတဲ့အမည်နဲ့ ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေးအကြောင်း ဖြစ်ပါတယ်။ HBO ကရိုက်ကူးတဲ့ ဒီဇာတ်လမ်းတွဲဟာ သတင်းထောက်စာရေးဆရာ အီဗန်ရိုက်ရဲ့ Generation Kill ဝတ္ထုကို ပြန်လည်ရိုက်ကူးတာဖြစ်ပြီး Rating အနေနဲ့တော့ IMDb 8.5/10 အထိရရှိခဲ့တဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲဟာ ၂၀၀၃ခုနှစ်မှာ ဆင်နွှဲတဲ့ အီရတ်စစ်ပွဲကြီးရဲ့ ကနဦးအခြေအနေအပေါ် အခြေခံရိုက်ကူးထားတာဖြစ်ပြီး မူရင်းဝတ္ထုရေးသားသူ အီဗန်ရိုက်ကလဲ ဒီကာလအတွင်းမှာ သူ သတင်းထောက်တစ်ဦးအနေနဲ့ သူမြင်တွေ့ခဲ့ရသမျှတွေကို ပွင့်ပွင့်လင်းလင်း ပြန်လည်တင်ပြထားတာပါ။
မူရင်းစာရေးသူ အီဗန်ရိုက်အနေနဲ့ အီရတ်စစ်ပွဲကြီးအတွင်းကို မရိန်းကင်းထောက်တပ်ရင်းတစ်ရင်းနဲ့အတူ လိုက်ပါခွင့်ရခဲ့တာဖြစ်ပြီး သူလိုက်ပါခဲ့တဲ့တပ်ရင်းဟာ အမေရိကန်ထိုးစစ်ရဲ့ မြားဦးအဖြစ် အီရတ်နိုင်ငံရဲ့ နယ်ပယ်ဒေသအချို့ကို ပထမဦးဆုံးအနေနဲ့ ရောက်ရှိခဲ့ပါတယ်။ သူ့အနေနဲ့ လက်ရှိဖြစ်ပွါးနေတဲ့ စစ်ကြီးရဲ့ အနှစ်သာရကင်းမဲ့ပုံတင်မကဘဲ အောက်ခြေက အမေရိကန်စစ်သည်တွေရဲ့ ရင်တွင်းခံစားချက်တွေကိုပါ လေ့လာခွင့်ရခဲ့ပါတယ်။
သူလိုက်ပါခဲ့ရတဲ့ မရိန်းကင်းထောက်တပ်ရင်းဟာ ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက်နဲ့ အန္တရာယ်တွေကြားက ဖြတ်သန်းကင်းထောက်ရင်း နောက်က ပင်မတပ်ကို အထောက်အကူပေးမယ့် မဟာဗျုဟာမြောက် ဖွဲ့စည်းထားတဲ့တပ်ရင်းတစ်ရင်းဖြစ်ပါတယ်။ သို့ပေသော်ငြား တပ်ရင်းမှူးလုပ်သူရဲ့ နာမည်ကောင်း လိုချင်မှု၊ ခေါင်းဆောင်သူအရာရှိတွေရဲ့ မပြည့်ဝမှုတွေအောက်မှာ အောက်ခြေစစ်သည်တွေဟာ မူရင်းတာဝန်ထက်မကတဲ့ သေဘေးနဲ့နီးတဲ့ တာဝန်တွေကိုပါ ထမ်းဆောင်ကြရပါတယ်။ ဒါ့အပြင် ပြောင်းလဲလာတဲ့ စစ်ပွဲပုံစံတွေအရ ROE ဆိုတဲ့ ထိတွေ့မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေက သူတို့ကို ချုပ်နှောင်ထားသလို တစ်ဖက်မှာလဲ ပြောက်ကျားစစ်ပုံစံမျိုး အသွင်ပြောင်းလာတဲ့ ရန်သူက သူတို့ကို ခြောက်လှန့်နေပါတယ်။ ဒီအခက်အခဲတွေကို ကျော်ဖြတ်ပြီး အီရတ်တပ်မတော်အပေါ် အောင်ပွဲခံနိုင်ခဲ့တဲ့ သူတို့ကို အမေရိကန်လူထုက သူရဲကောင်းတွေလို့ ရူမြင်ကြပေမယ့် သူတို့ကိုယ်တိုင်ကတော့ အဲဒီလို မမြင်နိုင်ကြတော့ပါဘူး။
ဒီဇာတ်လမ်းမှာ အခြားအခြားသော စစ်ကားတွေလို နိုင်ငံရေး၊ လူမျိုးရေး ဘက်လိုက်မှုတွေ မြင်ရမှာမဟုတ်ပါဘူး။ ဘက်လိုက်ခဲ့တယ်ဆိုရင်တောင် အောက်ခြေစစ်သားတွေဘက်ကနေ ရပ်တည်ထားတဲ့ အမြင်ကို မြင်ရမှာပါ။ ဒီဇာတ်ကားလေးမှာ စစ်သည်အချင်းချင်း ထားရှိကြတဲ့ သံယောဇဉ်တရားနဲ့ ရဲဘော်ရဲဘက်စိတ်ကိုလဲ ချစ်စဖွယ် မြင်တွေ့ရမှာပါ။ ဇာတ်ကား ပထမပိုင်း ဇာတ်ဆောင်တွေနဲ့ မရင်းနှီးသေးချိန်မှာ ကြည့်ရတာ အဆင်မပြေဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တတိယပိုင်းလောက်ရောက်ရင်တော့ ဇာတ်ဆောင်တွေနဲ့အတူ ဟမ်းဗီးကားအတူတူစီးရင်း အီရတ်မြေခရီးကို အတူတူလိုက်ပါနေရသလို ခံစားရစေမယ်လို့ ညွှန်းချင်ပါတယ်။
စစ်ဖက်ဆိုင်ရာ စိတ်ဝင်စားသူတွေအနေနဲ့တော့ အီရတ်တိုက်ပွဲကာလက အမေရိကန် မရိန်းတပ်စုတစ်စုရဲ့ အကြမ်းဖျင်းဖွဲ့စည်းပုံ၊ ကိုင်ဆောင်အသုံးပြုကြတဲ့ လက်နက်ခဲယမ်းနဲ့ အထောက်အကူပြုပစ္စည်းတွေ၊ စွမ်းရည်နဲ့ တိုက်ပွဲဝင်ပုံတွေကို မြင်တွေ့နိုင်မှာပါ။

Airs On
Release Year
Firt air date2008-07-13
Last air date2008-08-24
TypeScripted
Episode runtime65 min
Popularity9.765
TV StatusEnded

Seasons and episodes

Warning: Illegal string offset 'ID' in /home/alphhehb/public_html/wp-content/themes/grifus4.0.1/includes/plugins/acf/api/api-field.php on line 952

Warning: Illegal string offset 'key' in /home/alphhehb/public_html/wp-content/themes/grifus4.0.1/includes/plugins/acf/api/api-field.php on line 953

Warning: Illegal string offset 'label' in /home/alphhehb/public_html/wp-content/themes/grifus4.0.1/includes/plugins/acf/api/api-field.php on line 954

Warning: Illegal string offset 'name' in /home/alphhehb/public_html/wp-content/themes/grifus4.0.1/includes/plugins/acf/api/api-field.php on line 955

Warning: Illegal string offset 'menu_order' in /home/alphhehb/public_html/wp-content/themes/grifus4.0.1/includes/plugins/acf/api/api-field.php on line 956

Warning: Illegal string offset 'parent' in /home/alphhehb/public_html/wp-content/themes/grifus4.0.1/includes/plugins/acf/api/api-field.php on line 957

Warning: Illegal string offset 'key' in /home/alphhehb/public_html/wp-content/themes/grifus4.0.1/includes/plugins/acf/api/api-field.php on line 961
No data available

Videos

Comments

Leave a Reply

Your email address will not be published. Required fields are marked *

Warning: Illegal string offset 'ID' in /home/alphhehb/public_html/wp-content/themes/grifus4.0.1/includes/plugins/acf/api/api-field-group.php on line 365

Warning: Illegal string offset 'title' in /home/alphhehb/public_html/wp-content/themes/grifus4.0.1/includes/plugins/acf/api/api-field-group.php on line 366

Warning: Illegal string offset 'key' in /home/alphhehb/public_html/wp-content/themes/grifus4.0.1/includes/plugins/acf/api/api-field-group.php on line 367

Warning: Illegal string offset 'menu_order' in /home/alphhehb/public_html/wp-content/themes/grifus4.0.1/includes/plugins/acf/api/api-field-group.php on line 368

Warning: Illegal string offset 'active' in /home/alphhehb/public_html/wp-content/themes/grifus4.0.1/includes/plugins/acf/api/api-field-group.php on line 369

Warning: Illegal string offset 'key' in /home/alphhehb/public_html/wp-content/themes/grifus4.0.1/includes/plugins/acf/api/api-field-group.php on line 373