Alpha Premium
Korea series
Here’s My Plan
Here’s My Plan ##unicode MBCရုပ်သံလိုင်းက ထုတ်လွှင့်ပြသနေတဲ့ Ongoing K drama ဇာတ်လမ်းတွဲကို တင်ဆက်ပေးလိုက်ပါတယ် အဖေနဲ့သမီးကြားရဲ့ဇာတ်လမ်းကို အဓိကရိုက်ကူးထားတာဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းမယ့်ဇာတ်လမ်းတွဲအတိုလေးပါ ဇာတ်လမ်းအကျဉ်းကတော့ လီဆိုဟွန်းဆိုတဲ့ အသက်၁၉နှစ်အရွယ်ကောင်မလေးက အရက်သမားအမေကို စိတ်ကုန်ပြီး အိမ်ကထွက်ပြေးလာခဲ့ပါတယ် သူအိမ်ကထွက်ပြေးရတဲ့ အဓိကအကြောင်းရင်းကတော့ သူ့အဖေ အသက်ရှင်နေသေးတယ်ဆိုတာ သိခဲ့လို့ပါ သူ့အမေက သူ့တစ်ဘဝလုံး အဖေသေပြီဆိုပြီး လိမ်ထားခဲ့ပေမယ့် အဖေ အသက်ရှင်နေတာသိလိုက်ရတော့ သူ့ကို အမေနဲ့စိတ်ပျက်စရာဘဝကြီးမှာ နေခိုင်းခဲ့တယ် သူ့ကိုလာမတွေ့ခဲ့ဘူးဆိုပြီး အဖေ့ကိုစိတ်နာပြန်လက်စားချေမယ်ဆိုပြီး အဖေ့အိမ်နားကိုပြောင်းလာခဲ့ပါတယ် ပြီးတော့ အဖေ့ကြက်ကြော်ဆိုင်မှာ အချိန်ပိုင်းအလုပ်ဝင်လုပ်ရင်း သူ့အဖေအကြောင်းတွေကို စုံစမ်းနေခဲ့ပါတယ် ဒီဇာတ်လမ်းထဲမှာ ဆယ်ကျော်သက်လေးနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းကိုလည်း ထည့်ရိုက်ကူးထားပါသေးတယ် အပိုင်းလေးပိုင်းထုတ်လွှင့်မယ့် ဇာတ်လမ်းတွဲတိုဖြစ်လို့ စောင့်မျှော်ကြည့်ရူပေးကြပါဦးနော် ##zawgyi MBCရုပ်သံလိုင်းက ထုတ်လွှင့်ပြသနေတဲ့ Ongoing K drama ဇာတ်လမ်းတွဲကို တင်ဆက်ပေးလိုက်ပါတယ် အဖေနဲ့သမီးကြားရဲ့ဇာတ်လမ်းကို အဓိကရိုက်ကူးထားတာဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းမယ့်ဇာတ်လမ်းတွဲအတိုလေးပါ ဇာတ်လမ်းအကျဉ်းကတော့ လီဆိုဟွန်းဆိုတဲ့ အသက်၁၉နှစ်အရွယ်ကောင်မလေးက အရက်သမားအမေကို စိတ်ကုန်ပြီး အိမ်ကထွက်ပြေးလာခဲ့ပါတယ် သူအိမ်ကထွက်ပြေးရတဲ့ အဓိကအကြောင်းရင်းကတော့ သူ့အဖေ အသက်ရှင်နေသေးတယ်ဆိုတာ သိခဲ့လို့ပါ သူ့အမေက သူ့တစ်ဘဝလုံး အဖေသေပြီဆိုပြီး လိမ်ထားခဲ့ပေမယ့် အဖေ အသက်ရှင်နေတာသိလိုက်ရတော့ သူ့ကို အမေနဲ့စိတ်ပျက်စရာဘဝကြီးမှာ နေခိုင်းခဲ့တယ် ...
Here’s My Plan
2021
The Uncanny Counter 8.5
The Uncanny Counter The Uncanny Counter(2020) အညွှန်း ********************************** အပိုင်းသစ်(၁ မှ ၁၆ ထိ)စ/ဆုံး   ငယ်ဘ၀တုန်းက ကားအက်စီးဒင့်ကြောင့် ဘယ်ဘက်ခြေထောက် မသန်မစွမ်းဖြစ်ခဲ့ရပြီး ထူးခြားတဲ့ခွန်အားပိုင်ဆိုင်ထားတဲ့ So Moon လွန်ခဲ့တဲ့ ၇ နှစ်က ကားအက်စီးဒင့်ကြောင့် အတိတ်မေ့နေခဲ့သူ ရဲအရာရှိဟောင်း Ga Mon Tak အသားချင်းထိလိုက်တာနဲ့ လူတစ်ယောက်ရဲ့ စိတ်ကို ဖတ်နိုင်ပြီး အဝေးကနေလာနေတဲ့ ရန်သူကိုတောင် အာရုံခံနိုင်စွမ်းရှိတဲ့ မိန်းကလေး Do Ha Na စားဖိုမှူး မိန်းကလေး Chu Mae Ok နဲ့ အဖွဲ့ရဲ့ ငွေရေးကြေးရေးကို စီမံခန့်ခွဲတဲ့ Choi Jang Mool တို့ ဖွဲ့စည်းထားတဲ့အဖွဲ့နာမည်ကတော့ “Counter” ဒီလိုအများနဲ့မတူတဲ့ ခေါက်ဆွဲဆိုင်လေးမှာ သူမတူတဲ့စွမ်းအားပိုင်ဆိုင်တဲ့ အလုပ်သမားငါးယောက်စုဝေးနေကြတယ်။ ဒီလိုစွမ်းအားတွေကို အသုံးချပြီး မကောင်းမှုပြုလုပ်တဲ့ လူဆိုးတွေကို လိုက်ဖမ်းကြမှာဖြစ်ပါတယ်။ သူတို့ရဲ့ စွမ်းအားတွေကိုဘယ်လိုအသုံးချပြီး လူဆိုးတွေကိုဖမ်းကြမလဲ သူတို့ရဲ့ ကံကြမ္မာကရော ဘယ်လိုဖြစ်မလဲဆိုတာ
8.5
TMDb: 8.5/10 12 votes
tv
The Uncanny Counter
2020
Special Labor Inspector, Mr. Jo 8
Special Labor Inspector, Mr. Jo
8
TMDb: 8/10 2 votes
tv
Special Labor Inspector, Mr. Jo
2019
Live On
Live On High School Romance Drama ဖန်တွေအတွက် ကားသစ်လေး Baek Ho Rang ဆိုတဲ့ ကောင်မလေးဟာ လှပချောမောတဲ့အသွင်အပြင်ကြောင့် ကျောင်းမှာတင်မကဘဲ social media မှာပါ နာမည်ကြီးသူလေး ပြီး ယောက်ျားလေးတိုင်းရဲ့အသည်းစွဲပေါ့ နာမည်ကြီးပေမယ့် မာနကြီးတတ်တဲ့စရိုက်ကြောင့် ဘယ်သူနဲ့မှအပေါင်းအသင်းမလုပ်ဘဲ တသီးတခြားတည်းနေလေ့ရှိပါတယ် တစ်ရက်မှာ အွန်လိုင်းပေါ်မှာထူးဆန်းတဲ့လူတစ်ယောက်ပေါ်လာပြီး Ho Rang ကိုအထိတ်တလန့်ဖြစ်စေခဲ့ပါတယ် အကြောင်းရင်းကတော့ ထိုသူဟာ Ho Rang ရဲ့ ဖုံးကွယ်ထားချင်ခဲ့တဲ့ အတိတ်ကလျှို့ဝှက်ချက်တွေအားလုံးကို သိရှိနေတဲ့သူဖြစ်နေလို့ပါပဲ ထိုသူကိုဖော်ထုတ်နိုင်ဖို့အတွက် ကျောင်းက broadcasting club ရဲ့ခေါင်းဆောင် Go Eun Taekဆီကအကူအညီတောင်းဖို့လုပ်ရာက သူငယ်ချင်းတွေရလာခဲ့ပါတော့တယ် ဒီသူငယ်ချင်းတွေရဲ့အကူအညီနဲ့ ထူးဆန်းတဲ့သူကို ဖော်ထုတ်နိုင်ပါ့မလား…..အဲ့ဒီလူကရော ဘယ်သူများ….ဘယ်လို loveline တွေပေါ်လာဦးမလဲ…. ဒီဇာတ်လမ်းတွဲလေးဟာ အပိုင်း(၈)ပိုင်းပါဝင်ပြီး တစ်ပတ်ကိုတစ်ပိုင်းနှုန်းနဲ့ အင်္ဂါနေ့တိုင်းမှာထုတ်လွှင့်ပြသသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြဖို့ တိုက်တွန်းလိုက်ပါရစေ….။
Live On
2020
Warm and Cozy 6.4
Warm and Cozy အပိုင်း(၁ မှ ၁၆ ထိ) စ/ဆုံး Warm & Cozy ဆိုတဲ့စီးရီးဟာ ကြည်လင်အေးမြတဲ့ အလှတရားတွေပေါင်းထည့်ထားတဲ့ဇာတ်လမ်းတွဲလေးလို့ဆိုချင်တယ်.. လောင်ရတဲ့စီးရီးတွေကျွန်တော်တို့ သဘောကျတယ်..လက်ရှိလောကမှာလည်း ဒီလိုမျိုးတွေကြုံဆုံနေကြရတာပဲမလား… …ကျွန်တော်တို့ဟာ တစ်ခါတစ်ရံ ညှို့အားပျင်းတဲ့ နှင်းဆီရနံကို ရှုရှိုက်ချင်သလို လတ်ဆတ်တဲ့လေပြေလေညှင်းလေးကိုလည်း မျက်လုံးမှိတ်ရင်း ခပ်ပြုံးပြုံးလေး ခံစားချင်တတ်ကြတာ သဘာဝပဲမဟုတ်လား… Warm & Cozy ထဲမှာ တော့ Dr. Romantic , Hospital Playlist တွေနဲ့ မြန်မာပရိတ်သတ်အကြားလူသိများတဲ့  ခပ်ဖြောင့် ဖြောင့်ကောင်လေး Yoo Yeon Seok နဲ့ Doctor Stranger ထဲမှာ မင်းသားနဲ့ ညားပါစေလို့  ဆုတောင်းခဲ့သလောက် မပြည့်ခဲ့ရတဲ့ ဂျစ်ကန်ကန်ကောင်မလေး Kang So Ra တို့ပါဝင်ထားပါတယ်… ပြီးတော့ Second Leadတွေကလည်း အကုန်ခပ်ဖြောင့်ဖြောင့်တွေချည်းပါပဲ… အလန်းဆုံးကတော့ ဂျယ်ဂျူကျွန်းရဲ့အလှအပတွေကို ခံစားရတာပါပဲ.. ပန်းခင်းမျိုးစုံနဲ့ ပင်လယ်ပြင်အလှနဲ့ ကိုယ်တိုင်ရောက်သွားသလိုကိုခံစားရတာပါ…
6.4
TMDb: 6.4/10 4 votes
tv
Warm and Cozy
2015
The Legend 9
The Legend The Legend ဆိုတာဟာ ၂၀၀၇ ခုနှစ်က တောင်ကိုရီးယားသမိုင်းတစ်ခုကို ပြန်လည်အသက်သွင်းရိုက်ကူးထားပြီး မြန်မာနိုင်ငံရဲ့ MRTV ချန်နယ်မှာ “မြင့်မြတ်သူတို့နှလုံးသား” နာမည်နဲ့ ပြသသွားခဲ့တဲ့ သဘာဝလွန်နန်းတွင်းကားလေးတစ်ကားဖြစ်ပါတယ် ဟိုတုန်းက အားလုံးရဲ့ အသည်းစွဲမင်းသားကြီး (ရှင်ဒေါင်ဟန့်လို့လည်းသိကြတဲ့) ဘေယောင်ဂျွန်း နဲ့ The Penthouse ဇာတ်ကားထဲမှ မင်းသမီး Lee Ji Ah, Moon So Ri တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ် ဇာတ်လမ်းလေးကို ကြည့်ဖူးသူတွေ ပြန်အမှတ်ရပြီး မကြည့်ဖူးသူတွေ သိရှိသွားအောင် ဇာတ်လမ်းအစလေး နည်းနည်းပေးမြည်းပါမယ် ဟိုးရှေးရှေးတုန်းက မီးစွမ်းအင်တွေကို ခေါင်းဆောင်အစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ ကျားမျိုးနွယ်စုဟာ လက်ရှိခေါင်းဆောင် ကာဂျင်းရဲ့ ဦးဆောင်မှုနဲ့ လောကကြီးကိုအုပ်စိုးနေပါတယ် သူတို့ဟာ မရှင်းထုတ်နိုင်သေးတဲ့ ဝက်ဝံမျိုးနွယ်စုကလွဲပြီး ကျန်တဲ့မျိုးနွယ်စုတွေကိုရှင်းပစ်ထားပါတယ် ကောင်းကင်ဘုံဘုရင်ရဲ့သားတော် ဟွမ်ဝွန်းဟာ လူ့ပြည်မှာ ပြည်သူတွေ အေးအေးချမ်းချမ်းနေရဖို့အတွက် ဂျူရှင်းနယ်မြေကို တည်ထောင်ခဲ့ပါတယ် သူနှင့်အတူ ခေါ်ဆောင်လာတဲ့ နတ်သုံးပါးကို အရှေ့ဖက်အရပ်ကို တိမ်နတ်မင်း နဂါးပြာ, အနောက်ဖက်အရပ်ကို လေနတ်မင်း ကျားဖြူ, မြောက်ဖက်အရပ်ကို မိုးနတ်မင်း လိပ်မြွေ အသီးသီးစေလွှတ်ပြီး ဂျူရှင်းနယ်မြေကို စောင့်ရှောက်စေခဲ့ပါတယ် သူတို့ရဲ့အေးချမ်းတဲ့ဂျူရှင်းနယ်လေးအထိ ကျားမျိုးနွယ်စုတွေ လာရောက်ကျူးကျော်တိုက်ခိုက်လာတဲ့အခါမှာတော့ ကာဂျင်းရဲ့မီးစွမ်းအင်ကို မီးငှက်နှလုံးသားထဲသိမ်းယူထားပြီး ကြင်နာသနားတတ်တဲ့ ဝက်ဝံမျိုးနွယ်စုရဲ့ အမျိုးသမီးစစ်သည်ကို ...
9
TMDb: 9/10 2 votes
tv
The Legend
2007
The Penthouse 8.5
The Penthouse ဒီ Series ဟာဆိုရင် ချစ်လိုက် မုန်းလိုက် ဇာတ်ကားမျိုးမဟုတ်ပဲ မိသားအစုအရေး အိမ်တွင်းရေး အရှုပ်တော်ပုံတွေကို တစ်မိုထူးခြားတဲ့ ရိုက်ကွင်းရိုက်ကွက် ဇာတ်အိမ်အဆန်းနဲ့ ခံစားကြည့်ရှု့ရမှာပါ ဇာတ်လမ်း အကျဉ်း ဟယ်ရာနန်းတော်လို့တင်စားလောက်တဲ့ အထပ်၁၀၀ပါသော ဇိမ်ခံမိုးမျှော်အိမ်ကြီးမှာဆိုရင် များစွာသော လျို့ဝှက်ချက်တွေ ၊ မမြင်နိုင်သော ရည်မှန်းချက်တွေ ပြည့်နှက်လို့နေပါတယ် ရှင်းဆူယွန်း ဟာ ဆိုရင် ချမ်းချမ်းသာသာနဲ့ မွေးဖွားလာသူတစ်ယောက်ပေါ့ မိုးမျှော်အိမ်ကြီးရဲ့မိဖုရားတစ်ပါးဆိုးလည်း မမှားပါဘူး ချောင်းဆောဂျင်က တော့ သူ့သမီးလိုအပ်တာမှန်သမျှကို ဖြည့်ဆီးပေးနေသူပါ အိုယွန်းဟီ ကတော့ ဘဝပေးအခြေပနေကြောင့် ဆင်းဆင်းရဲရဲ မွေးလာပေမယ့် ရည်မှန်းချက်ပန်းတိုင်ကြီးမားတဲ့သူ… ဒီလိုနဲ့ ထိပ်တိုက်တွေ့ကြရင်း ဘာတွေဆက်ဖြစ်သွားမလဲ…. ချမ်းသာမှု့ ၊ အာဏာ နဲ့ များစွာသော အရှုပ်တော်ပုံတွေ ဖြစ်တည်ရာ အထပ်၁၀၀ မိုးမျှော်တိုက်ဟယ်ရာနန်းတော်ပါ [Zawgyi] Ongoing Series အသစ်ထွက်တာလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီ Series ဟာဆိုရင် ချစ်လိုက် မုန်းလိုက် ဇာတ်ကားမျိုးမဟုတ်ပဲ မိသားအစုအရေး အိမ်တွင်းရေး အရှုပ်တော်ပုံတွေကို တစ်မိုထူးခြားတဲ့ ရိုက်ကွင်းရိုက်ကွက် ဇာတ်အိမ်အဆန်းနဲ့ ...
8.5
TMDb: 8.5/10 2 votes
tv
The Penthouse
2020
Kairos 7.3
Kairos Kairos (2020)အညွှန်း ******************** အပိုင်းသစ် (၁ မှ ၁၆)ထိ စ/ဆုံး  Seo Jin ဆိုတဲ့သူဟာ  ဆောက်လုပ်ရေးကုမ္ပဏီကဒါရိုက်တာတစ်ဦးလည်းဖြစ်ပါတယ် …ဇနီးချောလေးလည်းရှိသလို  ချစ်စရာကောင်းတဲ့သမီးလေးလည်းပိုင်ဆိုင်ထားတယ်…သိပ်ပျော်ရွှင်ကြည်နူးစရာမိသားစုလေးပေါ့… တစ်နေ့သူတို့မိသားစုထံကံကြမ္မာဆိုးရောက်လာတယ်..ဒီတစ်ဉီးထဲသောသမီးလေးကို ပြန်ပေးဆွဲသွားကြတယ်…မိဘ(၂)ဉီးဟာရဲကိုတိုင်ပြီး ရေကုန်ရေခန်းရှာဖွေကြတယ်…. ပြန်ပေးဆွဲတဲ့သူတွေဟာမည်သူမည်ဝါမှန်းမသိပေမဲ့ သမီးလေးရဲ့ လက်ညှိုးလေးတစ်ချောင်းကိုဖြတ်ပြီး အိမ်ကိုပို့လိုက်တယ်…သမီးလေးသေဖို့ ဖြစ်နိုင်ချေအများဆုံးမို့ ဇနီးဖြစ်သူဟာ ကိုယ့်ကိုကိုယ်သေကြောင်းကြံသွားတယ်… ဒီလက်ညှိုးဟာ သမီးလေးလက်ညှိုးစစ်မှန်ပေမဲ့ ထူးဆန်းစွာပဲ တစ်ယောက်ထဲ ဘာအထိအခိုက်မရှိဘဲ ပြုံးရွှင်လျှောက်သွားနေတာကို အမျိုးသမီးလေးတစ်ယောက်ကတွေ့မိတယ်….ဆန်းကြယ်မှုတွေဟာ ဆက်တိုက်ဆိုသလို ဖခင်ဖြစ်သူဆီကို အမည်မသိနောက်ဖုန်းတစ်လုံးကလည်း ထူးဆန်းစွာပဲခေါ်ဆိုလာတယ်…ဒီစီးရီးက ချစ်ကြိုက်မုန်းဟန်တော့မဟုတ်ဘူး….အက်ရှင် မှုခင်းဘက်ကို ဉီးစားပေးထားပုံပဲ…ပြီးတော့ ကွယ်ဝှက်ထားတာတွေများသလို စစချင်းပဲ အဓိကမင်းသားဖြစ်သူရဲ့ ဆောက်တည်ရာမဲ့နေတဲ့ပုံနဲ့ ဇာတ်လမ်းကို အရှိန်တင်ထားတယ်…ဘာတွေဆက်ြဖစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး.. မင်းသားနဲ့မင်းသမီးကိုတော့ အတော်များများရင်းနှီးကြမှာပါ… စိတ်ဝင်စားဖို့အတော်ကောင်းနိုင်မဲ့စီးရီးမို့ ဆက်စောင့်ကြည့်ကြတာပေါ့….
7.3
TMDb: 7.3/10 3 votes
tv
Kairos
2020
The Spies Who Loved Me 7
The Spies Who Loved Me အပိုင်းသစ် (၁ မှ ၁၆ ထိ) စ/ဆုံး Kang Ah Reum ဟာ မင်္ဂဝတ်စုံဒီဇိုင်နာတစ်ယောက်ပါ… သူမဟာ ယောင်္ကျားနဲ့ကွဲဖူးထားတဲ့သူပါ…ကွဲကွာပြီးလို့ နောက်အချစ်သစ်တောင် ထူထောင်ပြီး အိမ်ထောင်ပြုဖို့ပြင်နေတဲ့သူပေါ့….တကယ်တော့ သူမဟာ ယောင်္ကျားနဲ့ကွဲသာထားတယ် … အဲ့ဒီသူရဲ့အကြောင်းကိုကောင်းကောင်းမသိခဲ့ပါဘူး…တကယ်တော့ ယောင်္ကျားဟောင်းဟာ စပိုင်တစ်ယောက်ဖြစ်ပါတယ်…ကံကောင်းတာလား ကံဆိုးတာလားမသိပေမယ့် နောက်လက်ထပ်မဲ့ သူဟာလည်းစပိုင်တစ်ယောက်ပါ….သူမခဗျာ ရိုးလွန်းလို့ပဲလားမသိ တကယ့်ဆရာကျတဲ့ စပိုင်တွေနဲ့ချည်းဆုံနေရတယ်… ဒီစပိုင် ၂ ယောက်ဟာ ဘယ်လိုစပိုင်မျိုးလဲ…. တာဝန်ထမ်းဆောင်နေချိန်မှာ နှလုံးသားကိုအလိုလိုက်ပြီးတော့ သူမကို လက်ထပ်ဖို့ကြိုးစားတာဟာ အသုံးချဖို့အတွက်ပဲလား… တခြားဘာအကြောင်းအရာတွေများရှိမလဲ.. နှစ်ရှည်လများ ဆိုးလ်မြို့မှာ လှုပ်ရှားအသွင်ယူရင်း စပိုင်လုပ်နေတာ ဘာအကြောင်းတွေများဖြစ်မလဲ.
7
TMDb: 7/10 1 votes
tv
The Spies Who Loved Me
2020
Sweet Home (2020) 9.3
9.3
TMDb: 9.3/10 4 votes
tv
Sweet Home (2020)
2020
Chicago Typewriter 8
Chicago Typewriter
2017
Bad Love 6
Bad Love
6
TMDb: 6/10 2 votes
tv
Bad Love
2007
Bride of the Century 8.8
Bride of the Century
8.8
TMDb: 8.8/10 3 votes
tv
Bride of the Century
2014
Start-Up 8.2
Start-Up Seo Dal Miဆိုတဲ့ ရည်မှန်းချက်ကြီးမားတဲ့ကောင်မလေးတစ်ယောက်ဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုတည်ထောင်ဖို့ အိပ်မက်မက်နေတဲ့သူပါ။ လိုအပ်တဲ့ရင်းနှီးမြှုပ်နှံငွေရဖို့ ကျောင်းကနေထွက်ခဲ့ပြီး အချိန်ပိုင်းအလုပ်မျိုးစုံလုပ်ကာ အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ပါ။ သူမရဲ့အကြီးမားဆုံးအိပ်မက်ကတော့ ကိုရီးယားရဲ့စတိဗ်ဂျော့အဖြစ်နဲ့ အောင်မြင်တဲ့စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်သူပါ။ Nam Do Sanကတော့ အတွက်အချက်တော်တဲ့ သင်္ချာဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ပြီး Samsan Techရဲ့ တည်ထောင်သူတစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ သူ့ရဲ့ကုမ္ပဏီဟာအကျဥ်းအကြပ်ထဲကျရောက်နေပြီး စီးပွားရေးအခက်အခဲကြုံတွေ့နေရပါတယ်။ ဒီလိုရည်မှန်းချက်ကြီးမားတဲ့လူငယ်လေးနှစ်ယောက်ဟာ ဘယ်လိုတွေဆုံကြမလဲ… သူတို့အခက်အခဲတွေကို ဖြေရှင်းနိုင်ကြပါ့မလား.. တစ်ယောက်နဲ့တစ်ယောက်ရော အပြန်အလှန်ကူညီနိုင်ကြပါ့မလား…  
8.2
TMDb: 8.2/10 10 votes
tv
Start-Up
2020
Tale of the Nine Tailed 8.6
Tale of the Nine Tailed လီယွန်ဆိုတာ အရပ်ရှည်ရှည် နဲ့ ထီးတစ်ချောင်းကို ကိုင်ရင်း လျှောက်သွားနေတဲ့သူတစ်ယောက်…. ဒီထီးက နယ်နယ်ရရတော့မဟုတ်ဘူး..အရေးကြီးအစွမ်းထက်တဲ့ဓားတစ်ချောင်းအဖြစ်ပြောငး်လဲနိုင်သလို သူ့ကိုလည်း စွမ်းအားပြည့်အသုံးချနိုင်ဖို့အထောက်အကူပြု လက်နက်ဖြစ်တယ်…တကယ်တော့သူဟာ လူသားတွေနဲ့မခြားနေနိုင်စွမ်းရှိတဲ့ မြေခွေးတစ်ကောင်ဖြစ်ပါတယ်…. သူဟာ တစ်စုံတစ်ယောက်ကိုရှာဖွေနေသလို အဲ့ဒီကာလအတွင်းမှာလည်း အချိို့သောမြေခွေးတွေကို လိုက်သုတ်သင်နေတဲ့သူဖြစ်တယ်…. နမ်ဂျီအာဆိုတဲ့ကောင်မလေးကတော့ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ပရလောကတွေဟာ တကယ်ရှိတယ်လို့ယုံကြည်နေတဲ့ သူဖြစ်ပြီး အဲ့အကြောင်းအရာတွေကို လိုက်လံရှာဖွေပြီး တင်ဆက်နေတဲ့ရုပ်သံလိုင်းက ပီဒီတစ်ဉီးပေါ့……. လီယွန်ဆိုတဲ့မြေခွေးဟာ ဘာကိုလိုက်ရှာနေတာလဲ….ဒီလောကကြီးထဲမှာ လီယွန်လို လူသားပုံဖြစ်နေတဲ့ မြေခွေးတွေဘယ်လောက်များနေပြီလဲ…. လူသားတွေကိုရောဒုက္ခပေးနိုင်လား….. သူတို့လို မြေခွေးတွေကို နှိမ်နှင်းနေတဲ့ တခြား မိစ္ဆာကောင်တွေရောရှိနိုင်လား…. နမ်ဂျီအာဆိုတဲ့ကောင်မလေးနဲ့ရော ဘယ်လိုတွေ တွေ့ဆုံကြမလဲ…. ဒီဇာတ်လမ်းတွဲကက အပတ်စဉ် Wednesday, Thursday မှာ ထုတ်လွှင့်ပြီးတော့ (၁၆) ပိုင်းထိရှိပါတယ်….အက်ရှင်ခန်းတွေက တော်တော်မိုက်သလို သဘာဝလွန်စွမ်းအားတွေကို အသုံပြုပြီး ဗျင်းတဲ့အခန်းတွေဆိုလည်း တော်တော်ကြည့်ကောင်းပါတယ်….
8.6
TMDb: 8.6/10 5 votes
tv
Tale of the Nine Tailed
2020
Private Lives 6
Private Lives နောက်ထပ် ဇာတ်လမ်း ဇာတ်အိမ် ဆန်းဆန်းလေးနဲ့ ဇာတ်ကား တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် လူလိမ်တွေအကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ ဒီဇာတ်လမ်းမှာ Girls’ Generation က Seohyun ကဘအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် မင်းသားတော့ Cross/Strongest Deliveryman တို့ထဲက မင်သား Ko Gyung-Pyo ပါ စစ်မှုထမ်းပြီးလို့ ပြန်လာပြီးချင်း ရိုက်ကူးထားတဲ့ကားလေးပါနော် ဇာတ်လမ်းအကျဉ်း အီဂျောင်ဟွမ်ဟာ စီးပွားရေးလုပ်ငန်းတစ်ခုက အဖွဲ့မှူးတစ်ယောက်ပါ သာမန် အလုပ်သမားလို့ထင်ရပေမယ့် အရမ်းလျှို့ဝှက်တတ်သူပါ ချာဂျူအွန်းကတော့ ချစ်ဖို့ကောင်းတဲ့ မျက်နှာ အပြစ်ကင်းတဲ့ ပုံစံလေးနဲ့ လူလိမ်မလေးတစ်ယောက်ပါ သူမကတော့ ပြစ်မှုအထင်ရှား ရှိခဲ့တာကြောင့် ထောင်ကျသွားခဲ့ပါတယ် ဂျောင်ဘို့ဂီကတော့ အရမ်းလည်တဲ့ လူလိမ်ဖြစ်ပြီး အခြားလူလိမ်တွေကို ပစ်မှတ်ထားပြီး ပြန်လိမ်တာပါ သူမမှာ ဂင်ဂျယ်အုဆိုတဲ့ ပါတနာတစ်ယောက်လည်းရှိပါတယ် တစ်နေ့ ဒီလူလိမ်တွေက နိုင်ငံ ရဲ့ လျှို့ဝှက်ချက်ကို သိသွားပြီး ဖော်ထုတ်ဖို့ ကြိုးစားကြပါတော့တယ် နောက်ဆုံးဘယ်လိုဖြစ်မှာလဲ အလိမ်ပေါ်မလားဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်စောင့်ကြည့်ပါနော်…
6
TMDb: 6/10 6 votes
tv
Private Lives
2020
More Than Friends 7
More Than Friends More Than Friends(2020)အညွှန်း ********************************** အပိုင်းသစ်(၁ မှ ၁၆)ထိ စ/ဆုံး “ချစ်သူကိုတောင် ချစ်တယ်လို့ မပြောရဲတဲ့ကောင်…… ရာစုတစ်ထောင်နေရစ်ခဲ့…. ထိုသို့ဖြင့် စကားမဲ့စေသတည်း” ဒီကဗျာလေးက ဆရာတာရာမင်းဝေရဲ့ မီးတောက်ရစ်သမ် ကဗျာထဲက တစ်ပိုဒ် ဖြစ်ပါတယ်….စကားတွေမဲ့စေခဲ့တာ ဘာ့ကြောင့်များလဲ… ဘာလို့ဖွင့်မပြောရဲတာလဲ… နောက်ဆုံး ရာစုတစ်ထောင်နေရစ်ခဲ့တဲ့..ဆွေးမြေ့စရာကောင်းလွန်းလှပါတယ်….ဒီလိုအဖြစ်အပျက်တွေဟာ တကယ်တော့ ငယ်သူငယ်ချင်းတွေကြား အချစ် ပေါက်ဖွားလာတဲ့အချိန်မှာ မသင့်တော့ဘူးလို့ ထင်လို့ ထိန်းချုပ်ခဲ့တာတွေ….ကိုယ့်အပေါ်ရိုးသားမှုကို အခွင့်အရေးယူသလိုဖြစ်မှာစိုးတာတွေရယ် လက်ရှိဖြစ်တည်နေတဲ့ ခင်မင်မှုတွေကို ပျောက်ကွယ်သွားမှာစိုးတာရယ်နဲ့ Friend Zone ထဲမှာ တိတ်တိတ်လေးစကားမဲ့နေတဲ့သူတွေပေါ့… ဒီကိုးရီးယားစီးရီးလေးက အပေါ်ကအကြောင်းအရာတွေနဲ့ဇာတ်အိမ်တည်ထားပြီး ကျောင်းသားဘဝလေးတွေနဲ့ လှလှပပ ပုံဖော်ထားတယ်…. ကြည်နူးဆွတ်ပျံဖွယ်ရာကောင်းတဲ့စီးရီးလေးမို့ လက်မလွှတ်သင့်ပါကြောင်း ထပ်လောင်းသတင်းကောင်းပါးပါရစေ…
7
TMDb: 7/10 1 votes
tv
More Than Friends
2020
My Dangerous Wife 6.8
My Dangerous Wife အပိုင်း(၁ မှ ၁၆ )ထိ စ/ဆုံး တစ်သက်လုံးချစ်မယ်လို့ တစ်သက်လုံးရိုးမြေကျပေါင်းသင်းမယ်လို့ ကတိတွေပေးရင်း သိပ်လှတဲ့ မင်္ဂလာပွဲကိုကျင်းပခဲ့ပေမဲ့ ဒီကတိတွေကို မတည်တဲ့အိမ်ထောင်သည် တစ်ချို့ရှိတယ်…. ဟန်ဆောင်အပြုံးတွေနဲ့ နှုတ်ဆက်ရင်း အိမ်မှာရှိတဲ့အချိန်ငရဲကျသလိုဖြစ်နေရင်းအလုပ်သွားတဲ့အချိန်မှာ လွတ်ပြီကျွတ်ပြီဆိုတဲ့ပုံဖြစ်နေတဲ့ အိမ်ထောင်ဉီးစီးတစ်ချို့ရှိတယ်….. လင်မယား(၂) ယောက်ရှိတယ်…..ဟန်ဆောင်အပြုံးတွေနဲ့…… အထူးသဖြင့် ယောင်္ကျားဖြစ်သူ….မိန်းမငယ်ငယ်ချောချောလေးနဲ့ဖောက်ပြန်ရင်း အိမ်ကမယားကြီးကို အသေသတ်ဖို့အထိ စဉ်းစားနေတဲ့သူ…. တစ်နေ့တော့ သူဖောက်ပြန်တဲ့မိန်းမက ရဲတွေ သံသယကင်းနိုင်တဲ့ လူသတ်နည်းတစ်ခုပေးလိုက်တယ်.. အဲ့ဒီနည်းကို အသုံးချမယ်ဆိုပြီး ဖောက်ပြန်တဲ့မိန်းမနဲ့အိပ်ပြီးတဲ့နောက်မှာ အိမ်ကိုပြန်လာခဲ့တယ်….အဲ့ဒီမှာတော့ ပြဿနာကြီးကြီးစတက်တော့တာပဲ… အိမ်တစ်ခုလုံးရှုတ်ပွနေတဲ့အပြင် သွေးတွေလည်းနေရာအနှံ….. စာလေးတစ်စောင်ချန်ထားခဲ့တယ်…မင်းမိန်းမကိုလိုချင်ရင် ဝမ် ၅ မီလီယံနဲ့ လာရွေးပေးပါတဲ့…ကိုင်းအဲ့ဒီနောက်တော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ခံစားကြည့်ပါ… ဒီစီးရီးက တခြားဇာတ်လမ်းတွဲနဲ့မတူဘဲ ခပ်ဆန်းဆန်းစထားတယ်…. (18+ အခန်းတွေပါလို့ သတိထားကြည့်စေချင်တယ်….) မှုခင်းကားအမျိုးအစားဖြစ်ပြီး စိတ်ဝင်စားဖို့ကောင်းသလို သရုပ်ဆောင်တွေကလည်း တကယ့်လူတွေကြီးပဲမို့ ခံစားကြည့်ကြပါဉီး…
6.8
TMDb: 6.8/10 4 votes
tv
My Dangerous Wife
2020
Secret Love Affair 8.6
Secret Love Affair
8.6
TMDb: 8.6/10 6 votes
tv
Secret Love Affair
2014
Modern Farmer 8.5
Modern Farmer (20ပိုင္း) စ/ဆံုး ဒီဇာတ်ကားလေးကတော့လွတ်မြောက်ဖို့အတွက် စိုက်ပျိုးရေးလုပ်တဲ့ ရော့ခ်အဖွဲ့လေးတစ်ဖွဲ့အကြောင်းပဲဖြစ်ပါတယ်လီမင်ဂီဆိုတာက အကောင်းဆုံးသောစိတ်ဝိညာဉ်များ(Exo) ရဲ့အဖွဲ့ခေါင်းဆောင် သီချင်းဆိုသူ ဂီတာသမားလဲဖြစ်ပါတယ် သူဟာ ဟန်ဂီဂျွန်းဆိုတဲ့ဒရမ်သမားနဲ့အတူအဖွဲ့ကိုဖွဲ့စည်းးခဲ့တာဖြစ်ပါတယ် အတ္တကြီးတဲ့ဂန်ဟော့ကတော့ အဖွဲ့ရဲ့စန္ဒရားသမားဖြစ်လဲ ဆရာဝန္မိသားစုကေမြးဖြားလာတဲ့ ဆေးကျောင်းသားတစ်ယောက်ဖြစ်ပါတယ် ယူဟန်ချောကတော့ဘယ်သန်လျှစ်စစ် ဂီတာသမားဖြစ်ပါတယ် မင်းသားနှစ်ယောက်မင်းသမီးတစ်ယောက်နဲ့သုံးပွင့်ဆိုင်ဇာတ်လမ်းကို တွေ့မြင်ရမှာပါ  
8.5
TMDb: 8.5/10 4 votes
tv
Modern Farmer
2014