လက်ဝှေ့ချံပီယံဟောင်း တစ်ဦးဖြစ်သူ ဂီချွဲသည်
အနားယူပြီးနောက် ကျောင်းတစ်ခုမှာ အားကစားနည်းပြ
ဝင်လုပ်ခဲ့သည် သို့သော် ကလေးတွေဗန်းပြပြီး ရံပုံငွေသဲ့ယူ
ကလေးတွေကို မငှဲ့ညှာပေးတဲ့ လူကြီးတွေ နဲ့ ရန်ဖြစ်ပြီးနောက်
ဂီချွဲရဲ့ မဟုတ်မခံစိတ်ကြောင့် အလုပ်ထွက်ခဲ့ရပြန်ပါတယ်…
ဒီလိုနဲ့ နယ်မြို့လေး တစ်မြို့ က မိန်းကလေးသီးသန့် အထက်တန်းကျောင်း
တစ်ခုမှာ ထပ်ပြီး အလုပ်ရခဲ့တယ် အားကစား နည်းပြဆရာ အဖြစ်နဲ့ပါ…
မြို့ကို ရောက်ရောက်ခြင်းပဲ ဂီချွဲတစ်ယောက် တွေ့လိုက်ရတာကတော့
လူပျောက်ကြေငြာစာ တစ်ခုပဲ ဖြစ်ပါတယ်…
အဲ့ဒီနောက် သူတာဝန်ကျတဲ့ မြို့ က အတော်ထူးဆန်းတာကိုလဲ
သတိထားမိခဲ့တယ်…
မြို့တင်ပဲလား ဆိုတော့ မကပါဘူး ကျောင်းမှာလဲ ဂီချွဲကို
ဆရာလို လေးစားမယ့် တပည့် တစ်ယောက်မှ မရှိပါဘူး
အဲ့ဒီထဲကမှ လူပျောက်ကြေငြာထားတဲ့ မိန်းကလေး တစ်ယောက်ရဲ့
အချစ်ဆုံးသူငယ်ချင်းဖြစ်သူ ဂန်ယူဂျင်း နဲ့ စတင်တွေ့ခဲ့ရပါတော့တယ်
ယူဂျင်း ဟာ သူငယ်ချင်းဖြစ်သူ ရုတ်တရက်ပျောက်သွားတာကို
တိုင်တန်းခဲ့ပေမဲ့ ဒီတိုင်း မြို့က ထွက်ပြေးသွားတယ်ဆိုကာ
ရဲ နဲ့ ကျောင်းက အရေးမယူပဲ ဒီတိုင်း နေခဲ့ပါတယ်…
ယူဂျင်း နဲ့ ဂီချွဲ ရင်းနှီးသွားသော အခါ ဒီကျောင်းက ကျောင်းသူတွေဟာ
ခဏခဏ ပျောက်ဆုံးလျက် ရှိကြောင်း ဂီချွဲ သိခဲ့ပြီး နောက်မှာ
ယူဂျင်း နဲ့ အတူ လိုက်လံ စုံစမ်းကြသော အခါမှာတော့…
Upload on Youtube
Leave a Reply