##unicode
Nailed ဇာတ်ကားမှာတော့
Jae guနဲ့ Soon youngတို့လင်မယားက ရွာသေးလေးတစ်ရွာရဲ့ လမ်းဘေးပေါ်မှာ ကားပြင်ဆိုင်ဖွင့်ထားသူဖြစ်တယ်။
သူတို့နားက အပန်းဖြေဆောက်လုပ်ရေးလုပ်ငန်းတစ်ခုကြောင့် သူတို့နားကို ကားတွေမလာတာကြောင့်
စီးပွားရေးအခြေအနေအဆင်မပြေဖြစ်နေတာပါ။
Jae Guက သူ့ကိုအထင်သေးတဲ့ ယောက္ခမတွေကြောင့် စိတ်ညစ်နေရသူဖြစ်ပြီးတော့
ယောက္ခမတွေပိုင်တဲ့ ဒီကားပြင်ဆိုင်မြေကို အပိုင်လိုချင်နေသူဖြစ်တယ်။တစ်နေ့မှာတော့ ဆောက်လုပ်ရေးလုပ်ငန်း ထရပ်ကားပေါ်က
ကျခဲ့တဲ့သံတွေကြောင့် ကားတာယာကွဲသွားတဲ့ ကားတစ်ကားသူတို့ဆိုင်ကို ပြင်ဖို့ကောက်လာချိန်မှာတော့
Jae Guက အကြံတစ်ခုရခဲ့တယ်။လမ်းမပေါ်မှာ သံတွေရိုက်ထားပြီး ကားတာယာတွေခွဲဖို့ဘဲဖြစ်တယ်။
ဒီလိုနဲ့ လမ်းပေါ်က သံတွေကြောင့် ကားတာယာကွဲတွေများလာတော့ သူတို့စီးပွားရေးလဲ ကောင်းလာခဲ့တယ်။
တစ်နေ့မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းက ဒါရိုက်တာရဲ့သမီးလေးကို ပြန်ပေးဆွဲခံလိုက်ရတော့
ရဲတွေက ငွေတွေအရမ်းသုံးနေတဲ့ Jae Guတို့လင်မယားကို သံသယဝင်လာကာ စစ်မေးခဲ့ပါတယ်။
Jae Guတစ်ယောက် သူတိူ့လုပ်တာလား မလုပ်ပဲစွပ်စွဲခံရတာလားဆိုတာ ကြည့်ရှုကြပါအုံး။
##zawgyi
Jae Guတစ်ယောက် သူတို့လုပ်တာလား မလုပ်ပဲစွပ်စွဲခံရတာလားဆိုတာ ကြည့်ရှုကြပါအုံး။
Review – Myet Chel
File Size – 2GB,900MB
Format…mp4
Quality : 1080p WEB-DL,720p WEB-DL
Duration…1h 38min
Genre :Crime, Drama,
Subtitle : Myanmar Subtitle (Hard Sub)
Translated by Myet Chel
Encoded by Arrow
Leave a Reply