၂၀၁၁ တုန်းက ထွက်ရှိထားတာဖြစ်ပြီး မင်းသမီး Song Jo Hyo ပါဝင် သရုပ်ဆောင်ထားပါသေးတယ် ..
… ဇာတ်လမ်းအကျဉ်း နာမည်မှာ ဆုန်းလို့ မျိုးရိုးနာမည် တစ်လုံးတည်းရှိတဲ့ အဘွားဟာ ဆွေမျိုးသားချင်းမရှိ တစ်ယောက်တည်းနေပြီး
ကတ်ထူစက္ကူလေးတွေ ကောက်ပြီး ရောင်းစားရင်း အသက်မွေးပါတယ် …
တစ်ရက်မှာ တော့ နေရာပြောင်းပြီး ကတ်ထူကောက်ရင်းနဲ့ ဂင်မန်ဆော့ဆိုတဲ့ အဘိုးနဲ့ တွေ့ဆုံခဲ့ပါတယ် ..
သူတို့ ၂ ဦးကတော့ ထူးဆန်းစွာနဲ့ တစ်ယောက်ရဲ့အထီးကျန်မှုကို တစ်ယောက်က အကောင်းဆုံးြဖည့်ဆည်းပေးတဲ့
အဖော်မွန်တွေဖြစ်ခဲ့ကြတယ်…
ဂျန်ဂွန်ဘုံဆိုတဲ့ အဘိုးကတော့ အသက် ၇၇ နှစ်ရှိပြီဖြစ်ပြီး ကားပါကင်မှာ ကားတွေ စောင့်ပေးပါတယ်…
အဘိုးမှာ သူငယ်ပြန်နေတဲ့ ဇနီးဖြစ်သူလည်းရှိပါတယ် သားသမီး ၃ ယောက်ရှိပေမယ့်
ဘယ်သူကမှ မိဘတွေကို ပြန်မကြည့်ပေးခဲ့လို့ ဇနီးမောင်နှံ ၂ ယောက်တည်း ဘ၀ကို
ပင်ပင်ပန်းပန်း ရုန်းကန်ခဲ့ရပါတယ် သူတို့တွေ ဘယ်လို ဆက်လက်ပြီး ဘ၀အတွက်
တိုက်ခိုက်ကြမလဲ အရှုံးပေးလက်လျှော့လိုက်ကြမှာလား ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို
ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါနော်….
Leave a Reply