Alpha Premium

Vishwanath Arigela

Jodi (2019) 6.1
Jodi (2019) ##unicode ဒီတစ်ခါ အချစ်ဟာသဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းမယ့် romance dramaဇာတ်ကားကောင်းပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကြည့်လိုက်ရအောင် ကတ်ပီးဆိုတဲ့ကောင်လေးက သူ့အဖေကိုချစ်ပေမယ့် ဘယ်တော့မှအကောင်းမထင်ပါဘူး ငယ်ငယ်က အဖေများနေ့မှာ စံပြပုဂ္ဂိုလ်က အဖေမဟုတ်ပဲ ရုပ်ရှင်မင်းသားနာမည်ကိုဖြေခဲ့တဲ့လူပါ ကတ်ပီး စိတ်ဆိုးချင်လည်းဆိုးချင်စရာ သူ့အဖေက လောင်းကစားသမားဖြစ်နေပါတယ် သူ့လောင်းကစားကြွေးကြောင့် ကတ်ပီးရဲ့အမေလည်းအရှက်ကွဲပြီးအိမ်ပြောင်းခဲ့ရဖူးပါတယ် ကတ်ပီး ကြီးလာတော့လည်း သူ့အဖေက လောင်းကစားလုပ်နေဆဲပါပဲ ကတ်ပီးတစ်ယောက်အရွယ်ရောက်တော့ ကန်ချနာဆိုတဲ့ကောင်မလေးနဲ့ ချစ်ကြိုက်မိတာပေါ့ ကန်ချနာက မိဘတွေမရှိတော့ပါဘူး ကန်ချနာတို့မိသားစုမှာ ဦးလေးက အိမ်ထောင်ဦးစီးပါ ကန်ချနာက ကတ်ပီးကို သူ့ဦးလေးနဲ့ပေးတွေ့တဲ့အချိန်မှာ ကတ်ပီးအဖေက အဲ့ဒီဆိုင်ရှေ့ကို လောင်းကစားသမားတွေလိုက်လို့ ထွက်ပြေးလာခဲ့ပါတယ် ဒီလိုနဲ့ကတ်ပီးအဖေကိုတွေ့လိုက်တဲ့ ကန်ချနာဦးလေးက ဒေါပွပြီး သူ့တူမကို ကတ်ပီးနဲ့မပေးစားနိုင်ဘူးတဲ့ ကန်ချနာရဲ့မိသားစုနဲ့ ကတ်ပီးရဲ့အဖေမှာ မကောင်းတဲ့အတိတ်တွေရှိနေခဲ့တယ် အဲ့ဒါကလည်းလောင်းကစားကိစ္စပါပဲ ဘာလဲဆိုတာတော့ဇာတ်ကားထဲမှာကြည့်ပါနော် ဒီလိုနဲ့ ကတ်ပီးတစ်ယောက် ကန်ချနာနဲ့လက်ထပ်ခွင့်ရဖို့အခက်ကြုံခဲ့ရပြန်ပါတယ် ကတ်ပီးအဖေရဲ့လောင်းကစားကိစ္စကြောင့် ကတ်ပီးတစ်ယောက် ဒုက္ခတွေထပ်ကြုံရတာကိုလည်း ဒီဇာတ်ကားမှာကြည့်ရဦးမှာပါ လောင်းကစားလုပ်တာမကောင်းကြောင်းသင်ခန်းစာလည်းရ ရယ်စရာလေးတွေလည်းကြည့်ရမယ့်ဇာတ်ကားကောင်းဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ် ##zawgyi ဒီတစ္ခါ အခ်စ္ဟာသဇာတ္ကားေကာင္းေလးကို တင္ဆက္ေပးလိုက္ပါတယ္ ေပါ့ေပါ့ပါးပါးနဲ႔ၾကည့္လို႔ေကာင္းမယ့္ romance dramaဇာတ္ကားေကာင္းပဲျဖစ္ပါတယ္ ဇာတ္လမ္းအက်ဥ္းေလးၾကည့္လိုက္ရေအာင္ ကတ္ပီးဆိုတဲ့ေကာင္ေလးက သူ႔အေဖကိုခ်စ္ေပမယ့္ ဘယ္ေတာ့မွအေကာင္းမထင္ပါဘူး ငယ္ငယ္က အေဖမ်ားေန႔မွာ စံျပပုဂၢိဳလ္က အေဖမဟုတ္ပဲ ႐ုပ္ရွင္မင္းသားနာမည္ကိုေျဖခဲ့တဲ့လူပါ ကတ္ပီး စိတ္ဆိုးခ်င္လည္းဆိုးခ်င္စရာ သူ႔အေဖက ...
6.1
IMDB: 6.1/10 81 votes
movie

Jodi (2019)

2019
Premium

Release year

Genres

Release year