Alpha Premium

Thai

Bikeman 6.5
Bikeman အမေ နဲ့ အဖွားက သူ့အဖေလိုမျိုး ဘဏ်ဝန်ထမ်း ကောင်းဖြစ်စေချင်တဲ့ ဆန္ဒကြောင့် နေ့တိုင်း ဘန်ကောက်ကို ဘဏ်ဝန်ထမ်းဝတ်စုံဝတ် ဘဏ်မှာအလုပ်လုပ်ချင်ယောင်ဆောင်ပြီး ထွက်ထွက်လာရတဲ့ ဆတ်ကရင် (ဆတ်) သူ့အမေရဲ့ဆန္ဒကို အကောင်အထည်ဖော်ချင်လို့ တစ်ဖက်မှာ ဘဏ်တွေမှာအလုပ်လျှောက် တစ်ဖက်မှာတော့ သူ့ရဲ့ ဆိုင်ကယ်ကယ်ရီဆွဲတဲ့အလုပ်ကိုလုပ်နေရင်း အထက်တန်းတုန်းက ကျိတ်ကြွေခဲ့ရတဲ့ အတန်းဖော်သူငယ်ချင်မလေး ဂျိုင်ကတော့ သူဟန်ဆောင်ထားတဲ့ဘဏ်က ဝန်ထမ်းလေးတစ်ယောက်အဖြစ်နဲ့ ပြန်တွေ့ခဲ့ရတယ်။ ဆတ်တစ်ယောက် သူဆိုင်ကယ်မောင်းတာ သူ့အိမ်ကမသိအောင် ဘယ်လိုတွေတိမ်းရှောင်လဲ နည်းနည်းပြောပြမယ်နော် သူ့အဖေသူငယ်ချင်း ရဲဝန်ထမ်းဟောင် း ဦးပီချာနဲ့ ဘန်‌ကောက်သွားတဲ့ ရထားပေါ်မှာတွေ့တော့လည်း‌ ပြေး သူ့အမေနဲ့ ဘန်ကောက်က မီးပွိုင့်တစ်ခုမှာ အမှတ်မထင်တွေ့တုန်း သူ့အမေက လမ်းလာမေးလို့ ပြေး ဦးပီချာသားရဲ့ဘေးက ဆိုင်ကယ်နဲ့ဖြတ်ရင်း ဗွက်ရေစင်သွားလို့ မကျေမနပ် လိုက်ထိုးလို့လည်း ပြေး ဂျိုင်နဲ့ ဈေးလမ်းမှာ ဘဏ်ဝတ်စုံကြီးနဲ့ ပက်ပင်းတိုးတော့လည်း ပြေး ပြေးလေးပြေးမှာလွတ်ခဲ့ပေမယ့် အဖြစ်မှန်ဘယ်ချိန်မှာပေါ်မလဲ သူအရမ်းဖြစ်ချင်တဲ့ ဘဏ်ဝန်ထမ်းရောဖြစ်ပါ့မလား ဆိုတာလေးကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုလိုက်ပါနော် စိတ်အပန်းဖြေချင်တဲ့သူတွေ ရယ်ရယ်မောမောနဲ့ ပေါ့ပေါ့ပါးပါးကြည့်ချင်တဲ့သူတွေ လက်မလွှတ်သင့်တဲ့ Rating 6.4 ရပ်တည်နေတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်
6.5
IMDB: 6.5/10 90 votes
movie

Bikeman

2018
Premium
Khun Phaen Begins 7.5
Khun Phaen Begins Khun Phaen Begins 2019” ဇာတ်လမ်းအကျဉ်း မြစ်ကမ်းဘေး တိုင်းပြည်တစ်ခုဖြစ်တဲ့ အယုဒ္ဓယတိုင်းပြည်ကို ယူထ (သို့) ယူထနမ့်လို့ ခေါ်ကြတဲ့ အချိန်ကာလမှာ စစ်ပွဲတွေမရှိ နှစ်ရာချီအောင် အေးချမ်းခဲ့ပါတယ်… အကြောင်းရင်းကယူထတိုင်းပြည်ကို အထမတ်အမည်ရှိ လျှို့ဝှက်စစ်သားအဖွဲ့က စောင့်ရှောက်ပေးနေခဲ့လို့ပါပဲ မှော်နက်အဖွဲ့တွေ အထမတ်အဖွဲ့ကိုချေမှုန်းဖို့ လွှတ်ခဲ့ပေမယ့် အနိုင်မရခဲ့ပဲ မျက်လုံးဖောက်ခံလိုက်ရတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ် ၊ တောရွာဘက်က ဖန်လို့ အမည်ရတဲ့ကောင်လေးတစ်ယောက်က ယူထတိုင်းပြည်မှာ မိန်းမယူပြီး မိသားစုအခြေချချင်စိတ်နဲ့ ယူထကိုရောက်လာခဲ့ပါတယ် ယူထမှာ ငယ်ချစ်ဦးဖြစ်သူ ဖိင်မ်နဲ့ တွေ့ဆုံပြီး အချစ်ဦးအထင်ကြီးနိုင်ဖို့ ဖန်ဟာ လတ်လျားလတ်လျားနေတတ်သူကနေ စစ်ထဲဝင်ဖို့ ကြိုးစားခဲ့ပါတော့တယ်… ငယ်ငယ်တည်းက အတိတ်မေ့ပြီး အဖေ့ကိုပါ မမှတ်မိနိုင်တဲ့ ဖန်ဟာ တခါလောက်တော့ အဖေ့ကိုတွေ့ဖူးချင်စိတ်နဲ့ မှော်ပညာကို သင်ယူ စစ်သားတစ်ယောက်ဖြစ်လာချိန်… သတင်းသာ ကြားဖူးတဲ့ မှော်နက်အဖွဲ့က တဖန် အထမတ်စစ်သားတွေကို အနိုင်ယူ ယူထတိုင်းပြည်ကို သိမ်းဖို့ကြိုးစားလာချိန်မှာတော့ မှော်ပညာတတ် စစ်သားတစ်ယောက်ဖြစ်တဲ့ ဖိတ်တစ်ယောက် ယူထတိုင်းပြည်ကို ကာကွယ်ပေးနိုင်မှာလား… ငယ်ငယ်တည်းက မေ့နေခဲ့တဲ့ အဖေ့ကိုရောပြန်တွေ့နိုင်မလား… ငယ်ချစ်ဦး ...
7.5
IMDB: 7.5/10 23 votes
movie

Khun Phaen Begins

2019
Premium