Alpha Premium

Mark Rowe

The Conjuring: The Devil Made Me Do It (2021) 6.9
The Conjuring: The Devil Made Me Do It (2021) ##unicode ဒီတစ်ခါတင်ဆက်ပေးမှာကတော့ သဘာဝလွန်ဖြစ်ရပ်တွေကို ကူညီဖြေရှင်းပေးခဲ့တဲ့ အဒ်နဲ့လော်ရိန်း ဝါရန်တို့ လင်မယား ၂ ယောက်ရဲ့ ဇာတ်ကြောင်းတွေကို ပြန်လည်ရိုက်ကူးထားတဲ့ Conjuring ဇာတ်လမ်းတွေရဲ့ ၂၀၂၁ ထွက်ဇာတ်လမ်းသစ်လေးကို တင်ဆက်ပေးပါ့မယ်။ ဒီကားလေးထဲမှာတော့ ဂလတ်ဇယ်မိသားစုက ဒေးဗစ်ဆိုတဲ့ ကောင်လေးဆီမှာ မကောင်းဆိုးဝါးဝင်ပူးသလိုလက္ခဏာတွေတွေ့ရလို့ အဒ်တို့လင်မယားနှစ်ယောက် ကူညီပြီးအစွဲချွတ်ပေးကြတယ်။ အဲ့နေ့ညမှာ ဒေးဗစ်ရဲ့မိဘတွေရယ်၊ သူ့အစ်မရယ်၊ သူ့အစ်မရဲ့ရည်စား အန်းနီဆိုသူရယ် အတူတူရှိနေကြတယ်။ ဒေးဗစ်ကိုယ်ထဲက မကောင်းဆိုးဝါးက အရမ်းအားကောင်းလာပြီး ထိန်းမနိုင်၊ သိမ်းမရဖြစ်လာတော့ အန်းနီက ဒေးဗစ်ကိုလွှတ်ပေးပြီး သူ့ဆီကိုလာဖို့ပြောလိုက်တယ်။ တကယ်လည်း အန်းနီဆီကို မကောင်းဆိုးဝါးက ကူးသွားခဲ့တယ်။ ဒါကိုမြင်လိုက်တာက အဒ်တစ်ယောက်ပဲရှိတယ်။ အဒ်ကလည်းရုတ်တရက်နှလုံးထဖောက်တော့ ဆေးရုံတင်လိုက်ရပြီး မကောင်းဆိုးဝါး အန်းနီဆီရောက်သွားတာကို ဘယ်သူမှမသိကြတော့ဘူး။ ဒေးဗစ်ကလည်း ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး ဂလတ်ဇယ်မိသားစုလည်း အေးချမ်းတဲ့နေ့ရက်တွေကို ပြန်ပိုင်ဆိုင်ရတာပေါ့။ ဒါပေမဲ့ အန်းနီကိုယ်ထဲဝင်သွားတဲ့ မကောင်းဆိုးဝါးကြောင့် ဒီတည်ငြိမ်မှုတွေ ကြာရှည်မခံတဲ့အခါမှာတော့ ဘယ်လိုတွေခြောက်လှန့်ပြီး အဒ်နဲ့လော်ရိန်းတို့ လင်မယားနှစ်ယောက်ကရော ဒီမကောင်းဆိုးဝါးကို ဘယ်လိုတွေရှင်းလင်းပေးသွားမလဲဆိုတာကို မြှုပ်ကွက်များနဲ့ အသဲတထိတ်ထိတ် ကြည့်ရှုကြရမယ့် Horror ကားလေးဖြစ်ပါတယ်။ ##zawgyi ဒီတစ်ခါတင်ဆက်ပေးမှာကတော့ သဘာဝလွန်ဖြစ်ရပ်တွေကို ကူညီဖြေရှင်းပေးခဲ့တဲ့ အဒ်နဲ့လော်ရိန်း ဝါရန်တို့ ...
6.9
IMDB: 6.9/10 N/A votes
movie


2021

Release year

Genres

Release year