##unicode
မွေးကတည်းက ကံဆိုးတဲ့သူတွေများရှိလား
ထိုင်နေအကောင်းသားထသွားမှကျိုးမှန်းသိ ဆိုတဲ့စကားပုံကနည်းပါသေးတယ်
မင်းသားက မမွေးခင်ကတည်းက ကံဆိုးတဲ့သူပါ
မွေးမွေးချင်းမှာသူ့အဖေကလေဖြတ်တယ် မွေးပြီးတော့လဲ သူ့ကံဆိုးမှုအရှိန်ကဘယ်လောက်ကြီးလဲဆို သူရှိတဲ့နေရာနားကလူတွေအကုန်ကံဆိုးတယ် မကောင်းတာတစ်ခုခုဖြစ်တယ်
သူကိုယ်တိုင်အပါအဝင် ပတ်ဝန်းကျင်ကလူတွေအားလုံးဟာ
သူ့ကြောင့်အမြဲလိုလိုဒုက္ခရောက်လေ့ရှိပါတယ်
မိဘနှစ်ပါးကတောင်သူ့ကိုအမြဲတမ်းကံဆိုးတယ်လို့ပြောလေ့ရှိတာကြောင့်
ဗစ်ကီဟာကိုယ့်ကိုကိုယ်ယုံကြည်မှုကင်းမဲ့ပြီးအထီးကျန်အားငယ်နေတတ်တာပါ
ဒါပေမယ့်လည်းတစ်နေ့မှာတော့သိပ္ပံ
ပညာရှင်ပရော်ဖက်ဆာအာချာရီယားနဲ့တွေ့ပြီးမိတ်ဆွေတွေဖြစ်သွားပါတယ်
ဗစ်ကီဟာအမြဲတမ်းသူ့ရဲ့ကံဆိုးတဲ့ဘဝကြီး ပြောင်းလဲသွားဖို့မျှော်လင့်နေတဲ့သူဖြစ်ပါတယ်
ဒီလိုနဲ့ပဲတစ်ရက်မှာတော့ ပရော်ဖက်ဆာနဲ့သူ့သမီးမာယာတို့ကားတိုက်မှုဖြစ်ပြီး
ပရော်ဖက်ဆာကသူ့သမီးကိုစောင့်ရှောက်ပေးဖို့ဗစ်ကီကို
မှာခဲ့တဲ့အခါမှာတော့
ဗစ်ကီ့ဆီမှာအပြောင်းအလဲတွေစပြီး ဖြစ်လာပါတော့တယ်
ဗစ်ကီတစ်ယောက်ရှုပ်ထွေးမှုတွေကြားထဲကနေသူ့ရဲ့ကံဆိုးနေတဲ့ဘဝကို ပြောင်းလဲသွားနိုင်ပါ့မလား
ပရော်ဖက်ဆာရဲ့သေဆုံးမှုကကောသွေးရိုးသားရိုးဖြစ်နိုင်ရဲ့လားဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်
##zawgyi
ေမြးကတည္းက ကံဆိုးတဲ့သူေတြမ်ားရွိလား
ထိုင္ေနအေကာင္းသားထသြားမွက်ိဳးမွန္းသိ ဆိုတဲ့စကားပံုကနည္းပါေသးတယ္
မင္းသားက မေမြးခင္ကတည္းက ကံဆိုးတဲ့သူပါ
ေမြးေမြးခ်င္းမွာသူ႔အေဖကေလျဖတ္တယ္ ေမြးျပီးေတာ့လဲ သူ႔ကံဆိုးမႈအရွိန္ကဘယ္ေလာက္ႀကီးလဲဆို သူရွိတ့ဲ့ေနရာနားကလူေတြအကုန္ကံဆိုးတယ္ မေကာင္းတာတစ္ခုခုျဖစ္တယ္
သူကိုယ္တိုင္အပါအဝင္ ပတ္ဝန္းက်င္ကလူေတြအားလုံးဟာ
သူ႔ေၾကာင့္အၿမဲလိုလိုဒုကၡေရာက္ေလ့ရွိပါတယ္
မိဘႏွစ္ပါးကေတာင္သူ႔ကိုအၿမဲတမ္းကံဆိုးတယ္လို႔ေျပာေလ့ရွိတာေၾကာင့္
ဗစ္ကီဟာကိုယ့္ကိုကိုယ္ယုံၾကည္မႈကင္းမဲ့ၿပီးအထီးက်န္အားငယ္ေနတတ္တာပါ
ဒါေပမယ့္လည္းတစ္ေန႔မွာေတာ့သိပၸံ
ပညာရွင္ပေရာ္ဖက္ဆာအာခ်ာရီယားနဲ႔ေတြ႕ၿပီးမိတ္ေဆြေတြျဖစ္သြားပါတယ္
ဗစ္ကီဟာအၿမဲတမ္းသူ႔ရဲ႕ကံဆိုးတဲ့ဘဝႀကီး ေျပာင္းလဲသြားဖို႔ေမွ်ာ္လင့္ေနတဲ့သူျဖစ္ပါတယ္
ဒီလိုနဲ႔ပဲတစ္ရက္မွာေတာ့ ပေရာ္ဖက္ဆာနဲ႔သူ႔သမီးမာယာတို႔ကားတိုက္မႈျဖစ္ၿပီး
ပေရာ္ဖက္ဆာကသူ႔သမီးကိုေစာင့္ေရွာက္ေပးဖို႔ဗစ္ကီကို
မွာခဲ့တဲ့အခါမွာေတာ့
ဗစ္ကီ့ဆီမွာအေျပာင္းအလဲေတြစၿပီး ျဖစ္လာပါေတာ့တယ္
ဗစ္ကီတစ္ေယာက္ရႈပ္ေထြးမႈေတြၾကားထဲကေနသူ႔ရဲ႕ကံဆိုးေနတဲ့ဘဝကို ေျပာင္းလဲသြားႏိုင္ပါ့မလား
ပေရာ္ဖက္ဆာရဲ႕ေသဆုံးမႈကေကာေသြး႐ိုးသား႐ိုးျဖစ္ႏိုင္ရဲ႕လားဆိုတာကိုစိတ္ဝင္စားဖြယ္ၾကည့္ရႈရမယ့္ဇာတ္ကားေကာင္းေလးျဖစ္ပါတယ္
Review – Phyu Sin
File Size – 1.2GB , 2.4GB
Format…mp4
Quality : 1080p WEB-DL,720p WEB-DL
Duration…
Genre : Action, Comedy, Sci-Fi
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin, Myet Chel
Encoded by Arrow
Upload on Youtube
Upload on Youtube
Leave a Reply